KNLA News

KNLA News

မြဝတီမြို့သို့ စစ်ကူတက်လာသော စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၉

 

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက်နှင့် ၁၆ ရက်နေ့တို့က မြဝတီမြို့သို့ စစ်ကူပေးရန် တက်လာသည့် အကြမ်း ဖက် စစ်တပ် အောင်ဇေယျစစ်ကြောင်းကို ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ်ရှိ တံတားကူး နေရာအရောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်းက ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

https://youtu.be/Lz1IZGu–es

“ကော့ကရိတ်မြို့နယ်မှာပဲရှိသေးတယ်။ သူတို့ကတော့ နေ့စဉ် ဆက်တက်ဖို့ကြိုးစားမှာပဲ၊ ကျနော်တို့ ကလည်း ဟန့်တားနိုင်ဖို့ကြိုးစားနေတာပေါ့၊ လောလောဆယ်တော့ တတန်ကူးနဲ့ ကောနွဲ့အနား တဝိုက် မှာပဲရှိသေးတယ်လို့ သတင်းရထားတယ်။” ဟု ကျားဖြူစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို စစ်သား၊ PNO ပြည်သူ့ စစ် များက ကားများဖြင့် ခိုးယူသယ်ဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို စစ်သား၊ PNO ပြည်သူ့ စစ် များက ကားများဖြင့် ခိုးယူသယ်ဆောင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို စစ်သား၊ PNO ပြည်သူ့စစ်များက ကားများဖြင့် သယ်ယူကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ ဩဂုတ်လ ၉ ရက်နေ့မှစ၍ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင် ထော်...