၂၀၂၅ ခုနှစ်အတွင်း ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်မည် (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁
၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်သွားမည်ဖြစ် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဥက္ကဌခွန်းဘီထူးက နှစ်သစ်ကူး မိန့်ခွန်းတွင်ကြားသည်။
နှစ်သစ်တိုင်းတွင် သန္နိဌာန်အသီးသီးချမှတ်ခဲ့ရာ မပြီးဆုံးသေးသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ၊ ယိုင်နဲ့နေသော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်ကို အမြန်ဆုံးပြိုလဲသွားစေရန် လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ပါက တော်လှန်ရေးတပ်ဖွဲ့များ ပိုမို့ စည်းလုံးမှုရှိ ပြီး သင်ခန်းစာလည်း ရရှိခဲ့ကြောင်း ၊ KNDF အနေဖြင့် ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ကို ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။
ယခုနွေရာသီကာလတွင် စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သားစုဆောင်းကာ ထိုးစစ်ဆင်နေ သော်လည်း တိုးတက်အောင်မြင်မှုမရှိသည်ကို တွေ့ရှိရပြီး ကရင်နီပြည်နယ်တွင် စစ်မှုထမ်းတပ်သား သစ် ၅၀ ခန့် ဘက်ပြောင်းခိုလှုံခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီဘက်ရောက်ရှိနေသူများ အားလုံး နည်းမျိုးစုံဖြင့် တပ်ရင်းလိုက် ဘက်ပြောင်းခိုလှုံလာမည်ဟု ယုံကြည်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ဥက္ကဌခွန်းဘီထူးက ပြောဆိုသည်။
၂၀၂၄ မှာတော့ အသင့်အတင့်လေး တိုက်ပွဲအခြေအနေအနည်းငယ်လျော့သွားတာလေးရှိခဲ့ပါတယ်။ ဒါကလည်း တော်လှန်ရေးရဲ့ အခက်အခဲတွေကြောင့်မို့လို့ ဖြစ်ပါတယ်။ ၂၀၂၅ မှာ ကျနော်တို့ရဲ့ အောင် ပွဲ တွေအဆင့်ဆင့်ယူနိုင်ဖို့အတွက်ကို ကျနော်တို့ပြင်နေတယ်။ အဲဒီ အတွက်ကိုလည်း ကျ နော့်အနေနဲ့ ကွန်ဖီးဒင့်လုံးဝရှိလာတယ်။ ဒီနှစ်ထဲမှာ စစ်ကောင်စီဘက်မှာရောက်နေတဲ့ သူအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုး ပမ်းပြီး တော့ ဘက်ပြောင်းလာလိမ့်မယ် ယုံကြည်သလို ဒီ ၂၀၂၅ မှာ တပ် ရင်း အလိုက်ဘက်ပြောင်း လာဖို့ မျှော်လင့်ပါတယ်။ ဘက်ပြောင်းလာဖို့လည်း ဒီကနေပြီးတော့ ထပ်ဆင့်တိုက်တွန်းလိုတယ်။ ၂၀၂၅ ထဲမှာဆိုရင် ကျနော်တို့ကရင်နီပြည်နယ်မှာပေါ့ စခန်းတွေ ပြန်သိမ်းနိုင်ဖို့လုပ်ပါ့မယ်။ အဲဒီ အတွက်ကို ပြည်သူတွေက စောင့်ကြည့်ပေးပြီးမှ အားပေးကြဖို့၊ ထောက်ခံဖို့ ပြောလိုပါတယ်။ မိဘ ပြည်သူတွေရဲ့ထောက်ပို့မှုမပါပဲနဲ့ ကျနော်တို့လုပ်နိုင်မှာ မဟုတ် ဘူး။ ဒါ့ကြောင့် စခန်းသိမ်းတဲ့ဟာ တွေကို ၂၀၂၅ ထဲမှာ အပြီးအပြတ်လုပ်နိုင်ဖို့အတွက်ကို ကြိုးစား မယ် ဆိုတာလည်း ပြောပြလိုပါတယ်။” ဟု ၎င်းက ပြောကြားသည်။
အခက်အခဲပေါင်းစုံရှိသော်လည်း ညှိုနှိုင်းမှုမျိုးစုံလုပ်ဆောင်ခဲ့သည့်အတွက် ကရင်နီပြည် အစိုးရ တာဝန်များကို ထမ်းဆောင်နေနိုင်ပြီဖြစ်ကြောင်း၊ နေ့စဉ် ဘတ်ဂျက်၊ အုပ်ချုပ်ရေးလုပ်ငန်းများကို ဌာနအသီးသီးက လုပ်ဆောင်ကာ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ၂၀၂၅ ခုနှစ် တွင် ပိုမိုကျစ်လစ်သည့်ယန္တရားဖြင့်လည်ပတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။
“ပြည်သူတွေရဲ့ ထည့်ဝင်တဲ့ငွေတွေ ၊ ကောက်ခံတဲ့အခွန်တွေကနေပြီးတော့မှ ကျနော်တို့ ပွင့်လင်း မြင်သာမှုရှိ စွာနဲ့ အကျိုးရှိစွာအသုံးပြုသွားမှာဖြစ်ပါတယ်။ ကရင်နီပြည်သူတွေအတွက် ဆန်စပါး မပြတ် လပ်အောင် ဆောင်ရွက်တာတွေရှိပါတယ်။အထူးသဖြင့် ကရင်နီပြည်ရဲ့ ဘဏ်လုပ်ငန်းတစ်ခု ကိုလည်း ကျနော်တို့အစပြုနိုင်ပြီးမှ ပြည်သူတွေရဲ့ ငွေပေး၊ ငွေလွှဲတဲ့ ကိစ္စတွေရော၊ ချေးငွေကိစ္စ တွေရော လုပ်ငန်းငယ်ငယ်လေးကို ပြန်လည်တည် ထောင်နိုင်ဖို့အတွက် အသေးစားချေးငွေ လုပ်ငန်း တွေရော ကျနော်တို့ဘက်က တိုးမြှင့်ပြီးမှ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအတွက်က ကရင်နီပြည်အစိုးရ ရဲ့တာဝန်တွေဖြစ်ပြီး တော့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ပြင် ဆင် ထားပါတယ်။” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ဥက္ကဌခွန်းဘီထူးက ပြောကြား သည်။
ထို့အပြင် NUG အစိုးရနှင့်ချိတ်ဆက်ကာ ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ပြင်ဆင်ထား ၎င်းက ဆက်လက်ပြောဆိုသည်။
“တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ NUG အစိုးရနဲ့ချိတ်ဆက်ပြီးတော့လည်း ပိုကောင်းတဲ့ အုပ်ချုပ်ရေးတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ပြည်သူတွေဘက်က အားမရတာတွေရှိနေနိုင်ပါတယ်၊ ရှိနေတယ် လို့လည်း ယုံကြည်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရှိနေတဲ့တော်လှန်ရေးအင်အားစုတွေက အားလုံးက အဖြေရှာပြီးမှ ပိုကောင်းတဲ့ နိုင်ငံရေး ပလက်ဖောင်း၊ ပိုကောင်းတဲ့အုပ်ချုပ်ရေး တစ်ခုကို အစပျိုးနေကြတာဖြစ်တဲ့အတွက် အခက်အခဲတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ယုံကြည်တာက ဒီအတိုင်းဆက်သွားမယ်ဆိုရင် အောင်မြင်မှုတွေပိုရပါလိမ့်မယ်။” ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ပြောကြားသည်။
Thanlwin Myanmar Media