KNDF News

KNDF News

KNDF ဆေးတပ်ဖွဲ့ ရဲဘော် ၁၈ ဦး ရေထဲမျောပါ ကျဆုံးမှု လိုအပ်သော စုံစမ်းဆေးမှုများလုပ်ဆောင် သွားမည်

 

D Day News

စက်တင်ဘာလ ၁၃

 

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF မှ ဆေးသင်တန်းသား ရဲဘော် ၁၈ ဦး ရေထဲ မျောပါ ကျဆုံးခဲ့ရပြီး လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနမှ ကြီး မှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်းပြုလုပ်နေစဉ် ရေချောင်း တခုကို ဖြတ်ကျော် ရန် ကြိုးစားအားထုတ်ခဲ့ရာ မတော်တဆဖြစ်ပွားခဲ့ပြီး ဆေးသင်တန်းသား (၁၈) ဦး ရေထဲ သို့ မျောပါ ဆုံးရှုံးခဲ့ရကြောင်း KNDF ဗဟို ထုတ်ပြန်ချက်အရ သိရသည်။

 

ဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန်အတွက်လည်း ရည်မှန်းထားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ မတော်တဆဖြစ်စဉ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား (၁၈)ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရပါကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။

 

အဆိုပါ မတော်တဆမှုဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ် သည့် စုံစမ်းစစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ကရင်နီတော်လှန်ရေး တပ်ပေါင်းစုံအနေဖြင့် လိုအပ်နေသောလူ့အရင်းအမြစ်များနှင့် တော်လှန်ရေး ရည်မှန်းချက်များကို မဆုတ်မနှစ် ဆက်လက်ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အမှား အနည်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း ဆက်လက် ထုတ်ပြန်အသိပေး ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားသူများကို လူသားဟုပင်သဘောမထားပဲ တန်ဖိုးမဲ ကျွန်များအဖြစ်သဘောထားကာ အသေခံစစ်တိုက်ခိုင်းနေ

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားသူများကို လူသားဟုပင်သဘောမထားပဲ တန်ဖိုးမဲ ကျွန်များအဖြစ်သဘောထားကာ အသေခံစစ်တိုက်ခိုင်းနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ အကြမ်းဖက်စစ်ကောင်စီက အဓမ္မစစ်သား စုဆောင်းထားသူများကို လူသားဟုပင် သဘောမထားပဲ တန်ဖိုးမဲ့ ကျွန်များအဖြစ် သဘောထားကာ အသေခံ စစ်တိုက်ခိုင်းနေကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပြောဆိုထားသည်။ စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကော်မရှင်(ခ) စစ်ကောင်စီက ၎င်းတို့၏ အင်အားဖြည့်တင်းရန် အတွက် အပြစ်မဲ့...