ဆွမ်ပရာဘွမ်မြို့ရှိ နောက်ဆုံးကျန်ရှိနေသော ခလရ ၄၆ တပ်ရင်းစခန်းကို သိမ်းပိုက်လိုက်ပြီး မြို့ကို KIA ထိန်းချုပ်
D Day News
မေလ ၅
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့ရှိ နောက်ဆုံးကျန်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၆ တပ်ရင်းစခန်းကို သိမ်းပိုက်လိုက်ပြီး မြို့ကို KIA တပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသသ တင်းရင်းမြစ်များထံက သိရသည်။
ယနေ့ မေလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ဆွမ်ပရာဘွမ်မြို့ရှိ နောက်ဆုံးကျန်ရှိနေသော အင်အား ၂၅၀ ခန့်ဖြင့် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၄၆ ဗျူဟာတပ်ရင်းစခန်းကြီးကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ၂ လအကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခြင်း ဖြစ် ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့တွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့စောင့်တပ် ခလရ ၄၆ စခန်းမကျဆုံးစေရေး အကြမ်းဖက်စစ်တပ်က လေကြောင်း အလွန်အကျွံအသုံးပြုကာ ခုခံကာကွယ်ခဲ့ကြောင်း၊ ထိုသို့ ခုခံကာကွယ်နေမှုကြောင့် ၂ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။
“မနေ့ညက တစ်ညလုံး စစ်ကောင်စီတိုက်လေယာဉ်တွေနဲ့ ပစ်ကူပေးတဲ့ကြားကနေ KIA ပူးပေါင်း တပ်တွေက သိမ်းပိုက်လိုက်တာပါ။ မနက် ၆ နာရီလောက်မှ ရတယ်။ ကျန်ရှိသေးတဲ့ စခတွေက အ ကုန် ထွက်ပြေးကုန်ကြပြီ။ ဆွမ်ပရာဘွမ်မြို့ကိုလည်း ထိန်းချုပ်ထားပြီ။ အခုတော့ ဝိုင်းမော်- ဆမား လမ်းဘက်မှာတော့ တိုက်ပွဲ ပြင်းထန်နေပါတယ်” ဟု KIA နှင့်နီး စပ်သူ စစ်ရေးသတင်း ရင်းမြစ်က ပြောဆိုသည်။
သိမ်းပိုက်ရရှိခဲ့သောစခန်းအတွင်း သေဆုံးနေသည့် အကြမ်းဖက် စစ်သား အလောင်းများ တွေ့ရှိရပြီး အရေအတွက် မည်မျှ သေဆုံးသည်ကို သိရှိရခြင်းသေးသလို လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အရေ အတွက်လည်း အတိအကျ သိရှိရခြင်းမရှိသေးပေ။
ယင်းအကြမ်းဖက်စစ်တပ် စခန်းကို ဝိုင်းဝန်းပိတ်ဆို့ပြီး ရေနှင့် ရိက္ခာပို့သည့်လမ်းကြောင်းများ ဖြတ် တောက်ထားစဉ် ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ လေထီးဖြင့် ရိက္ခာ များလာရောက်ဖြည့်တင်းပေးမှုရှိခဲ့ကြောင်း၊ ထိုသို့လာရောက်ဖြည့်တင်းပေးသည့် လက်နက်ခဲယမ်း ရိက္ခာ အများစုကို အများစုကို KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
D Day News