KIA News

KIA News

မပခ လုံခြုံရေး နှင့် ဧရာဝတီမြစ်ကြောင်းကို စိုးမိုးထားသည့် ဆင်ဘိုမြို့ ခလရ ၁၄၁ တပ်ရင်းအတွင်း အသေခံတိုက်သည့် တပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်သား ရာချီ သေဆုံး

 

D Day News

ဧပြီလ ၂၉

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လုံခြုံရေးနှင့် ဧရာ ဝတီ မြစ်ကြောင်းကို စိုးမိုးထားသည့် ခလရ ၁၄၁ တပ်ရင်းအတွင်းရှိ အကြမ်းဖက်စစ်သားများမှာ ထွက်ပြေးခြင်းမရှိပဲ အသေခံတိုက်ခိုက်သဖြင့် တပ်ရင်းမှူး တစ်ဦးအပါအဝင် စစ်သား ရာချီသေဆုံး ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေ ၆ နာရီခန့်က မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့စောင့်တပ်ဖြစ်သော အကြမ်း ဖက်စစ်ကောင်စီ၏ ခလရ ၁၄၁ တပ်ရင်းကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ပြီး လက်နက်ချအညံ့ခံရန် ပြောဆိုသော်လည်း လက်နက်ချအညံ့ခံခြင်းမရှိပဲ စစ်သည် မိသားစုဝင် အမျိုးသမီးများကပါ လက်ပစ်ဗုံးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ ရာ အကြမ်းဖက်စစ်သား တပ်ရင်းမှူး တစ်ဦးအပါအဝင် ရာချီသေဆုံးသွားကြခြင်းဖြစ်ကြောင်း သိရ သည်။

“ဆင်ဘိုမြို့ကို သိမ်းလိုက်ပြီ။ ၁၄၁ တပ်ကို သိမ်းလိုက်တာ၊ သေတဲ့အထဲမှာ မိန်းမတွေလည်း တော် တော်များများပါတယ်၊ လက်နက်ချခိုင်းတော့ လက်ပစ်ဗုံးနဲ့ ပြန်ပစ်လို့ သေတာတာ။ အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ မသိရသေးဘူး၊ ထွက်ပြေးတာမဟုတ်ဘူး၊ ချေမှုန်းခံရပြီး သေဆုံးကြတာ။ တပ်ရင်းမှူးပါ သေသွားတယ်။ စခ တွေ သေတာ ၁၀၀ နီးပါးရှိမယ်” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

 

အဆိုပါ ဆင်ဘိုမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆင်ဘိုမြို့အတွင်းရှိ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရ သည်။

 

ထို့နောက် မြို့စောင့် တပ်ဖြစ်သည့် ခလရ ၁၄၁ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အ ကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ကာ ခုခံခြင်း၊ မြေပြင်အနေအထားအရလည်း ယင်းတပ်ရင်းစခန်မှာ ကွင်းပြင်အတွင်းဖြစ်နေသဖြင့် လေကြောင်းရန် ကာကွယ်ရန်၊ ချဉ်းကပ်ရန် အခက်အခဲဖြစ်နေသဖြင့် သိမ်းပိုက်နိုင်ခြင်းမရှိပဲ ယာယီပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ဧပြီလ ၂၆ နေ့တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၂၈ ရက် ညနေပိုင်းတွင် သိမ်း ပိုက်နိုင်ခြင်းဖြစ်သည်။

အဆိုပါ ခလရ-၁၄၁ တပ်သည် စစ်ကောင်စီတပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – နပခ လုံခြုံရေး အတွက် စစ်ရေးအရ အင်မတန် အရေးပါပြီး စစ်ဗျူဟာအရ အချက်အခြာကျကာ ဧရာဝတီမြစ် ကြောင်းကိုပါ စိုးမိုးထားသည့် တပ်စခန်းကြီးဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း မိုးမောက်မြို့မှ ဆင်ဘိုသို့ စစ်ကူလာသော စစ်ကောင်စီတပ် ခမရ-၄၃၇ တပ်ရင်း မှူးကို (KIA) နှင့် ပူးပေါင်းတပ်များက အရှင်ဖမ်းမိထားကြောင်း၊ မိုးမောက်မြို့နယ် နွမ့်လန်အခြေစိုက် ခမရ – ၄၃၈ တပ်ရင်းမှူးသည် ခလရ ၁၄၁ စခန်းသိမ်းတိုက်ပွဲအတွင်း ဧပြီလ-၂၈ ရက်နေ့က အကြမ်း ဖက် စစ်ကောင်စီ၏ လေယာဉ် ဗုံး ကြဲရာတွင်ထိ မှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက် နေ့က စတင်၍ ယနေ့အချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ဗျူဟာစခန်းကြီး၊ တပ်ရင်းတို့အပါအဝင် စခန်းကြီး၊ စခန်းငယ်ပေါင်း ၉၀ ကျော်သိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲများအတွင်း ဆင်ဘိုမြို့၊ လွယ်ဂျယ်မြို့ တို့ကို သိမ်းပိုက်ရရှိထား ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ၃ လုံးစလုံးအောင်မြင်စွာ ကျရောက်ပေါက်ကွဲ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးစလုံးအောင်မြင်စွာ ကျရောက်ပေါက်ကွဲပြီး...