KIA News

KIA News

လွယ်ဂျယ်မြို့အခြေစိုက် ခလရ ၁၄၂ တပ်ရင်းအတွင်းမှ သိမ်းဆည်းရရှိသည့် ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကျော်ကို KIO ဘဏ္ဍာရေးဌာနသို့ အပ်နှံ

 

D Day News

ဧပြီလ ၁၂

 

ကချင်ပြည်နယ်၊ တရုတ် -မြန်မာနယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်မြို့အခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းအတွင်းမှ သိမ်းဆည်းရရှိခဲ့သည့် ငွေကျပ် သိန်းပေါင်း ၅၃ သောင်း ကျော်ကို KIO ဘဏ္ဍာရေးဌာနသို့ အပ်နှံလိုက်ပြီဖြစ်ကြောင်း KIA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က အသိပေးထားသည်။

 

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းအတွင်းရှိ စစ်ကောင် စီတပ်သားများနှင့် Non CDM ဝန်ထမ်းများသည် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားပြီးနောက် KIA က တပ်အတွင်း ဝင်ရောက်၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ သိမ်းဆည်းရရှိသည့် ငွေကြေးများကို KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်း အမှတ် ၆၄ အရ KIA အမှတ် ၃ တပ်မဟာမှူးမှ အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာရေးဌာန၏ လုပ်ထုံလုပ်နည်းများနှင့်အခြားအကြောင်းအရာများကို ထပ်မံရေးသားဖော်ပြသွား မည်ဖြစ်ကြောင်း KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က အသိပေးထားသည်။

 

KIO ဘဏ္ဍာရေးဌာန စည်းမျည်းအမှတ် ၆၄ တွင် တိုက်ပွဲမှ ရရှိသော ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများ ကို ဘဏ္ဍာရေးဌာန အပ်နှံရန်၊ ပြည်သူမှ အောင်ပွဲအတွက် အလှူငွေပေးအပ်လာပါက အလှူငွေ စာရင်းနှင့်တကွ ဘဏ္ဍာရေးဌာနသို့ အပ်နှံရန်နှင့် အောင်ပွဲဆိုသည်မှာ အားလုံးစုပေါင်းလုပ်ဆောင်မှု၏ ရလဒ်ဖြစ်သောကြောင့် အများနှင့်သက်ဆိုင်သည်ဟု သတ်မှတ်ဖော်ပြထားကြောင်း သိရသည်။

 

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ နောက်ဆုံး စခန်းကြီးဖြစ်သော စိန်လုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့အတွင်းသို့ KIA က တရားဝင် ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း...