သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၁
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အခြေစိုက် Yaw Army – ယောတပ်တော်နှင့် နွေဦးတော်လှန်ရေးစတင်ချိန် ကတည်းက အမြဲတမ်းတွေ့ဆုံနေကြဖြစ်ကြောင်း KIO/KIA ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က ထုတ်ဖော် ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် BBC သတင်းဌာနမှ အင်တာဗျူးဖြေကြားမှုကို တုန့်ပြန်သည့်အနေ ဖြင့် ၎င်းဖြေကြားထားသည့်အချက်အလက်များကို လူမှုကွန်မှတဆင့် ပြည်သူလူထုထံ အသိပေးရာ တွင် ထည့်သွင်းပြော ဆိုထားခြင်းဖြစ်သည်။
“ယောအဖွဲ့နဲ့ဆိုရင် နွေဦးတော်လှန်ရေးရဲ့ အစောဆုံး အချိန်ကတည်းက အခုချိန်အထိ အမြဲတွေ့ ဆုံနေ ကြတဲ့ အခြေအနေဖြစ်ပါတယ်” ဟု KIO/KIA ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် က ပြော ဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက KIO/KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် နှင့် ယောတပ်တော်ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံပြီး လက်ရှိတော်လှန်ရေး ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးနှင့် လက်ရှိယောဒေသစစ်ရေး၊ နိုင်ငံရေးအခြေအနေတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Yaw Army – YA ထံက သိရသည်။
“လက်ရှိတော်လှန်ရေး မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတာရယ်၊ အနာဂါတ် ဖက် ဒရယ် ပြည်ထောင်စုအခင်းအကျင်းသစ်ကို ဘယ်လိုပြင်ဆင်တည်ဆောက်သွားကြမယ်ဆိုတဲ့ အခြေ အနေတွေကိုဆွေးနွေး အကြံဉာဏ်ရယူမှုတွေရယ်၊ လက်ရှိတပ်တည်ဆောက်မှုပိုင်းဆိုင်ရာတွေမှာ လိုအပ်တဲ့ အကြံဉာဏ်အကူညီတွေရယူ တာတွေရယ် ၊ လက်ရှိယောဒေသ စစ်ရေး နိုင်ငံရေး အခြေ အနေတွေကို တင်ပြဆွေးနွေး အကြံဉာဏ်ရယူတာရယ်ပါ။ အကြမ်းကတော့ အဲ့လောက်ပါပဲဗျ” ဟု ယောတပ်တော် – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အလားတူ KIO/KIA ဌာနချုပ်ရှိ လိုင်ဇာမြို့တွင် NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ ကချင်လွတ် လပ်ရေးအဖွဲ့ (KIO/KIA) ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်တို့နှင့် ချင်းညီ နောင် -CB အဖွဲ့ ခေါင်းဆောင်တို့တွေ့ဆုံခဲ့ပြီး ယခင်ကထက် ပိုမိုနီးကပ်ဆက် ဆံရေး၊ ပူးပေါင်းဆောင် ရွက်ရေးနှင့် တော်လှန်ရေးမဟာဗျူကျကျ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media