KIA News

KIA News

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းများအားလုံးကို သိမ်းပိုက်လိုက်ပြီး ထွက်ပြေးနေသော စစ်သားများကို ဆက်လက် ရှင်းလင်းနေ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၈

 

ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ထွက် ပြေးနေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေကြောင်း ဒေသစစ်ရေးသတင်းရင်း မြစ်များထံက သိရသည်။

 

ယနေ့ ဇန်ဝါရီလ ၈ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁နှင့် အမြောက်တပ် ၃၅၂ တပ်ရင်း အားလုံး ကိုအပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း၊ ယခုအခါ မံစီမြို့နယ်တစ်ခုလုံးကို KIA တပ်မတော်က ထိန်းချုပ် လိုက် ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် သိမ်းပိုက်ရရှိသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီး များနှင့် အမြောက်ကျည်ဆန်များ။

“မံစီ ပြီးပါပြီ။ ဗန်းမော်နှင့် မံစီ မြို့ ဆိုတာ အရင်လို ထောက်ပို့လမ်းကြောင်းရှိနေရင် သိမ်းဖို့မလွယ် တဲ့ နေရာပါ။ နွေဦးတော်လှန်ရေးကာလမှာ အရင်က ရှိပြီးသား တိုင်းရင်းသားတော်လှန်ရေး (EROs) အဖွဲ့တွေ အဓိ က အားသာချက်ရနေတာသည် မြန်မာပြည်တလွှား အဓိက ထောက်ပို့လမ်းကြောင်း တွေကို တော်လှန် ရေး အင်အားစုတွေ စိုးမိုးထားနိုင်တဲ့ အတွက် ဖြစ်ပါတယ်။ အရင်တုန်းက 1990 ကျော် ကာလ မှာ ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ မြန်မာပြည် မြောက်ဖက် ထိန်းထားပြီး တောင်ဖက်ကို တိုက်တယ်၊ NCA ကာလ မှာ တောင်ဖက်ထိန်းထားပြီး မြောက်ဖက်တိုက်တယ်။ အခုတော့ နေရာစုံ တိုက်နေရတာဆို တော့ မအလ ကျဆုံးခါနီးမှာ အသံအကျယ်ဆုံးကတော့ “မြန်မာပြည် အစိပ်စိပ် အမွှာမွှာ ဖြစ်သွားမှာ စိုးရိမ်ရတယ် တို့၊ မြန်မာပြည် ကျင်းထဲ ကျပ်ထဲရောက်နေပြီ တို့၊ ပြည်သူတွေ ခက်ခဲလာပြီတို့၊ ဆိုတဲ့ အသံပါ။ သတိ ဆိုတာ ပိုတယ်မရှိ၊ အဆုံးထိ ဆက်တိုက်ကြမယ်။” ဟု ဒေါက် တာတူးခေါင်က ၎င်း၏ လူမှုကွန်စာမျက်နှာကတဆင့် အတည်ပြုသုံးသပ်ထားသည်။

 

ကချင်ပြည်နယ် မံစီမြို့နယ်ကို KIA က ၂၀၂၃ ခုနှစ်ကတည်းက စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မံစီမြို့ကို KIA ပူးပေါင်း တပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ မံစီမြို့နယ်အတွင်းရှိ ခမရ-၆၀၁ ၊ ခမရ-၃၁၉ နှင့် အမြောက်တပ် ၃၅၂ တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၁ လ ကျော်အကြာတွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ဧကနီကျေးရွာအနီးတွင် ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး ထက်မနည်းသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာအနီးတွင် ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။...