KIA News

KIA News

ပန်ဝါမြို့ကို အဓိက ကာကွယ်ပေးနေသည့် အမှတ် ၁၀၀၂ လောက်ပြေနယ်ခြားစောင့် တပ်ရင်းကို KIA တပ်က အပြီးသတ်သိမ်းပိုက်၊ နခတ တပ်မှူး ဦးလန်ဂျော်ဆောင်တိန့်နှင့် ဒုညွှန်ကြားရေးမှူး ဦးကူမို ဇေခေါင်တို့ ဒဏ်ရာ ရရှိပြီး တရုတ်နိုင်ငံဘက်ခြမ်းထွက်ပြေး (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၁၅

 

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို အဓိက ကာကွယ်ပေးနေသည့် အမှတ် ၁၀၀၂ လောက်ပြေနယ်ခြား စောင့် တပ်ရင်းကို KIA တပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ နခတ တပ်မှူး ဦးလန်ဂျော်ဆောင်တိန့်နှင့် ဒုညွှန်ကြားရေးမှူး ဦးကူမိုဇေခေါင်တို့ ဒဏ်ရာရရှိပြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့အောက်တိုဘာလ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ကချင်ပြည်နယ် ၊ ချီဖွေ – ပန်ဝါလမ်းပေါ်ရှိ ပန်ဝါမြို့ကို အဓိကကာကွယ်ပေးနေသောအကြမ်းဖက် စစ်ကောင်စီ၏လက်အောက် ခံ လုပီ (ဒေသအခေါ်) လောက်ပြေ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းတစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တပ်မဟာ ၇ နှင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းမှ ဒုညွန်ကြားရေးမှူး ဦးကူမိုဇေခေါင် နှင့် နခတ-၁၀၀၂ တပ်မှူး ဦးလန်ဂျော် ဆောင်တိန့် တို့နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်း ထန်စွာရရှိပြီး တရုတ်ဘက်ခြမ်းသို့ထွက်ပြေးသွားကြောင်း သိရသည်။

https://youtu.be/OaHsvReuM5E

ပန်ဝါမြို့တွင် ဇခုန်တန့်ယိန်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဌာနချုပ်နှင့် ကချင် အထူးဒေသ ၁ ဌာနချုပ်တည်ရှိနေရာ အမှတ် ၁၀၀၂ BGF ဗျူဟာတပ်စန်းသည် ပန်ဝါမြို့ကို ကာ ကွယ်ထားသော စခန်းဖြစ်ရာ စစ်အရေးအရ အလွန်အရေးပါကြောင်း သိရသည်။

 

ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဆော့လော် မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ပန်ဝါမြို့ဘက်သို့ ဦးတည် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရသည်။

 

ဦးဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် ပြည်နယ်အထူးဒေသ ၁ တွင် ဆော့လော်မြို့နယ်၊ ချီဖွေ မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်ဒေသတို့ ပါဝင်ကြောင်း သိရသည်။

 

စစ်ကောင်စီဘက်တော်သား ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်အပြင် လမ်းပန်းဆက် သွယ်ရေးလမ်းကြောင်းများအားလုံးကိုလည်း ထိန်းချုပ်ထားကြောင်း၊ အဆိုပါဒေသများသည် မြေရှား သတ္တုကို အဓိက ထုတ်လုပ်နေသော ဒေသများအဖြစ် လူသိများ ထင်ရှားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...