KIA News

KIA News

မိုးမောက်မြို့ရှိ နောက်ဆုံးလက်ကျန် ခမရ ၄၃၇ တပ်ရင်းကိုသိမ်းပိုက်မှု စစ်သား ၂၀၀ ကျော် သေ ဆုံးပြီး တင့်ကား ၁ စီးအပါအဝင်လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၉

 

ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စခန်းဖြစ်သော ခမရ ၄၃၇ တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀၀ ကျော် သေဆုံးပြီး  တင့် ကား ၁ စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း ဒေသသတင်းရင်း မြစ်များထံက သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးမောက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် စခန်းဖြစ်သော ခမရ ၄၃၇ တပ်ရင်းကို KIA၊ KPDFနှင့် ရက္ခိုင့် တပ်တော်(AA) တို့ ပါဝင်သည့် ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း စခန်း ကျဆုံးမှုမရှိစေရေး အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ပစ်ကူအကြိမ်ကြိမ်ပေးကာ ခုခံနေသည့် ကြားမှ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ ရေတွက်လို့မကုန်ပါ။ တင့်ကား ၁ စီးလည်း သိမ်းပိုက်ရရှိ ထားတယ်။ စခ ၂၀၀ ကျော်သေတယ်။ ဒါဏ်ရာရနဲ့ သေဆုံးနဲ့ဆို အားလုံးပေါင်း ၄၀၀ ကျော်တယ်။ တပ်ပျက်ပြီး ထွက်ပြေးနေတဲ့ စခတွေကိုလည်း လိုက်လံ တိုက်ခိုက်နေတယ်” ဟု KIA ၏ စစ်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။

သိမ်းပိုက်ရရှိခဲ့သော ခမရ ၄၃၇ တပ်ရင်းသည် အကြမ်းဖက်စစ်သား ၅၀၀ ခန့်ဖြင့် တပ်စွဲထားသည့် စခန်းတစ်ခုဖြစ်ပြီး ဗန်းမော်မြို့ခုခံစစ်ပွဲအတွင်း အချက်အချာကျသည့် တပ်ရင်းစခန်းတစ်ခုဖြစ် ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စခန်းသိမ်းပိုက်ရရှိမှုသည် မိုးမောက်မြို့နယ်တစ်ခုလုံးကို ထိန်း ချုပ်နိုင်ရုံသာမက ဗန်းမောက်မြို့ထိုးစစ်ဆင်ရေးအတွက် အရေးပါသည့်အရာရောက်ကြောင်း သိရ သည်။

 

အဆိုပါ ခမရ ၄၃၇ တပ်ရင်းကို ဇူလိုင် ၂၄ ရက်တွင် တကြော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လနီးပါးအကြာယနေ့ ဩ ဂုတ်လ ၁၉ ရက် မွန်းလွဲ ၃ နာရီကျော်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ခမရ ၄၃၇ တပ်ရင်း ဌာနချုပ် တိုက်ပွဲကို စစ်ကူပေးရန် တက်လာသည့် တင့်ကားတစ်စီးပါယာဉ် တန်း ကိုလည်း KIA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအားလုံး သေဆုံး သွားပြီး တင့်ကားတစ်စီး ပျက်စီးပြီး ကျန် ကား ၄ စီးလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...