KIA News

KIA News

ဝိုင်းမော်မြို့ ခလရ ၃၂၁ တပ်ရင်းစခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ရာချီသေဆုံး၊ အလောင်း လာ ကောက်မည့်သူမရှိ

 

D Day News

မေလ ၂၂

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၃၂၁ တပ်ရင်းကို သိမ်းပိုက်ရရှိ ခဲ့ပြီး အကြမ်းဖက်စစ်သား ရာချီသေဆုံးကာအလောင်း လာရောက်ကောက်ယူသူမရှိသဖြင့် ပြန့်ကျဲ နေကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

မေလ ၁၈ ရက် နံနက် ၅ နာရီ အချိန်မှစ၍ ဝိုင်းမော်မြို့၊ ရွှေညောင်ပင်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၃၂၁ တပ်ရင်းစခန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ  မေလ ၂၁ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စခန်းသည် KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ စစ်ကြောင်းထိုးရာတွင် အဓိကကွက်ကဲနေသည့် ရှေ့တန်း တပ်ရင်းစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ခလရ ၃၂၁ တပ်ရင်းကတော့ အလောင်းတွေ ပုံထပ်နေတာပဲလို့ ကြားတယ်၊ သေတာ ရာကျော်မှာ။ မြစ်ကြီးနားကနေ လည်း လက်နက်ကြီးပဲပစ်နေတာ၊ ဝိုင်းမော်ဘက်ကို လက်နက်ကြီးပစ်နေတာ တော့ တောက် လျှောက်ပဲ၊ KIA တွေက တံတးပေါ်အထိ ရောက်နေပြီ။ ဝိုင်းမော်မြို့မှာကလူတွေ လည်းထွက်ပြေးနေကြပြီ။ မြစ်ကြီးနားကိုလည်း ဘယ်နေ့သိမ်းမလည်း မသိဘူး” ဟု မြစ်ကြီးနား မြို့နေပြည်သူတစ်ဦးက ပြောကြားသည်။

 

ဝိုင်းမော်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကဇူးစခန်း၊ ဒဘတ်စခန်း၊ ဂါးရာယန်၊ ရွှေ ညောင်ပင် ခလရ ၃၂၁ တပ်ရင်း၊ ဒိန်ဂါ၊ လိုင်ဖောင်၊ ဘင့်ပူကောင်၊ အောင်မြေ ၁ အပါအဝင် စစ် ကောင် စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးမှုရှိကြောင်း သိရသည်။

 

လက်ရှိတွင် ဝိုင်းမော်မြို့နယ်တွင် မြို့စောင့်တပ်ဖြစ်သည့် ခလရ ၅၈ တပ်ရင်း၊ ရဲစခန်း နှင့် လီဆူ ပြည် သူ့ စစ်တပ်စခန်းတို့သာကျန်ရှိတော့ပြီး ကျန်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU -မြိတ်-ထား ဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ ဩဂုတ်လ ၂၅ ရက် မွန်းတည့်...