Kha Mauk Kyi News

Kha Mauk Kyi News

ခမောက်ကြီးမြို့နယ်၊ မာရမ်းရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးပြီး PDF ရဲဘော် တစ်ဦး ကျဆုံး

 

D Day News

ဇွန်လ ၂၄

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၂၂ ရက် နံနက် ၅ နာရီ ၁၅ မိနစ်အချိန်က ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာရှိ ရဲစခန်းကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၁ ဦးသေဆုံးကာ တပ် ကြပ်ကြီး ၁ ဦး၊ တပ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

https://youtu.be/48WE6dhP5Y8

“တိုက်ပွဲစစခြင်း ကင်းတဲထဲကနေ ထွက်လာတာတဲ့အချိန် ပထမဆုံးပစ်လိုက်တဲ့အချိန်မှာ ထိပြီးနေ ရာမှာတင်လဲကျသေဆုံးသွားတာ၊ အင်အားကတော့ ၂၀ ဝန်းကျင်လောက်တော့ရှိနိုင်တယ်။ ကျနော် တို့ရဲဘော်က ရဲစခန်းဂိတ်ဝတံခါးကို သွားပြီးတော့ ဆွဲဖွင့်တဲ့အချိန်မှာ လက်နက်ကြီးကျလာပြီးတော့ လက်နက်ကြီးစက ဦးခေါင်းကို ထိသွားတာပေါ့။” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သေဆုံးရဲတပ်သားအလောင်းကို မာရမ်းဘုန်းကြီးကျောင်းမှ ကား ၂ စီးဖြင့် ဝန်းရံပြီး အရပ်သား ၃ စီး ဖြင့် အလယ်မှာ လိုက်ပါလာကာ ကော့သောင်းမြို့ပေါ်သို့ သယ်ဆောင်သွားကြောင်း၊ ဒဏ်ရာရရှိသူ နှစ်ဦးကို ထိုင်းနိုင်ငံ၊ ကန်ရပူရီဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ချိန်တွင် မာရမ်းကျေးရွာနေပြည်သူများမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ရပြီး ညနေ ၅ နာရီခန့်တွင် မာရမ်းကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း၊ ကော့ သောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ယာဉ်များနှင့်အနီးကပ်သွားလာခြင်း၊အကြမ်းဖက်စစ်သားများ နေထိုင်ရာ အဆောက်ဦးများအနီးနေထိုင်ခြင်းများ မပြုလုပ်ကြရန် ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...