Kha Mauk Kyi News

ခမောက်ကြီးမြို့နယ်တွင် အဓမ္မစစ်မှုထမ်းရန် လုပ်ဆောင်နေသူ အောင်မြန်မာကျေးရွာ အုပ်ချုပ် ရေးမှူးပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဧပြီလ ၆

 

ထို့အပြင် ခမောက်ကြီးမြို့နယ်အတွင်း အတင်းအဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်နေသူ အောင် မြန်မာကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ရာသေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၄ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က ခမောက်ကြီးမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စု အောင်မြန်မာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒီပါသည် ကျေးရွာနေပြည်သူများအား ခြိမ်း ခြောက်အနိုင်ကျင့်ခြင်း၊ငွေကြေးကောက်ခံ၍ လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ စစ်မှုထမ်း ဥပဒေ အ တွက် အားကျိုးမာန်တက် အကောင်ထည်ဖော် လုပ်ဆောင်၍ အကြပ်ကိုင်ငွေကြေးတောင်းလျက်ရှိ ကြောင်း ခံခြင်းများကို စီစစ်တွေ့ရှိရသဖြင့် ကော့သောင်းပြည့်သူကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ပစ် ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်သူများအပေါ် အနိုင်ကျင့်စော်ကားခြင်း ခြိမ်းခြောက်ခြင်းများနှင့် အားပေး ထောက်ခံ သတင်းပေး နေခြင်း မပြုလုပ်ကြရန်နှင့် ထိုသို့ လုပ်ဆောင်နေသူမည်သူ့ကို မဆို စစ်ရေးပစ်မှတ် အဖြစ်သတ်မှတ် ၍ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...