Kawlin News

Kawlin News

ကောလင်းမြို့မှ ထွက်လာသော စစ်ကြောာင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ခန့်သေဆုံးပြီး ၆၀ မမ ပြောင်းတိုတစ်လက်နှင့်အတူ ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၂၂

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးပြီး ၆၀ မမ ပြောင်းတို တစ်လက်နှင့်အတူ ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ က ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၂၁ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်သား အင်အား ၁၅၀ ခန့်ဖြင့် ကောလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို တစူးကုန်းရွာအနောက်မြောက်ဘက်အရောက်ကော လင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော ၆၀ မမ ပြောင်းတို ၁ လက်၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ RPG ဗုံးသီး ၇ လုံး၊ အီနာဂါ ၄ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၂၄၀၀ ကျော်၊ ကျည် အိမ် ၅ ခု၊ စစ်ဦးထုပ် ၄ လုံး၊ စစ်ရေဗူး ၄ လုံး၊ ကျည်ကာ Equipment ၈ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း ဝန်းသိုမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကြောင်းမှာ ကောလင်းမြို့တွင်းသို့ ပြန်ဆုတ်ပြေး သွား ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...