Kawkatate News

Kawkatate News

အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးကြဲချမှုကြောင့် ကျားဖြူစစ်ကြောင်းက ရဲဘော်များ အဆိပ်သင့် (ရုပ်သံ)

 

D Day News

ဧပြီလ ၂၂

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းတိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးကြဲ ချတိုက်ခိုက်မှုကြောင့် ရဲဘော်များ အဆိပ်သင့်ဝေဒနာများ ရရှိခဲ့ကြောင်း ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထား သည်။

 

ဧပြီလ ၂၀ ရက်နေ့က ကော့ကရိတ်မြို့တွင်းတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးအသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲဘော်များ အသက်ရှူကြပ်ခြင်း ၊ မူးဝေ ၊ အော့အန် ခြင်း၊ သွေးပေါင်ချိန်ကျခြင်းနှင့် အမြင်အာရုံဝေဝါးလာပြီး ရုတ်တရက် အင်အားချိနဲ့လာသည့် ဝေဒနာများ ခံစားခဲ့ရကြောင်း သိရသည်။

https://youtu.be/1b69gFgfXvU

“တိုက်ပွဲက မပြီးသေးဘူး၊ မြေပြင်မြို့တွင်းနေရာအချို့ကို ယာယီစွန့်ခွာပေးလိုက်ရတာရှိတယ်။ မငြိမ် သေးဘူး၊ စစ်ခွေးတွေဘက်က ဓာတုအဆိပ်ဗုံးတွေကို ဒရုန်းနဲ့ကျဲချနေတာ၊ အဲဒါကြောင့် ရဲဘော်တွေ မူးဝေအော့အန်တာ၊ အသက်ရှုကြပ်တာတွေဖြစ်တယ်။ မြေပြင် Update အခြေအနေတော့ မသိရ သေးဘူး” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က ပြောဆို ထားသည်။

 

ထိုသို့ အသက် အန္တရာယ် ထိခိုက်လာနိုင်အထိ လူမဆန်သော ဥပဒေမဲ့ လုပ်ရပ်များကို အကြမ်း၊ဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း...