Kawkareik News

Kawkareik News

ကော့ကရိတ်မြို့ရှိ အောင်ဇေယျ စစ်ဆင်ရေး အရာရှိများနေထိုင်ရာ ရိပ်သာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက် (ရုပ်သံ)

 

D Day News

မေလ ၅

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ အောင်ဇေယျစစ်ရေးဦးဆောင်သူ အကြမ်းဖက်စစ်ကောင်စီ၏ အရာရှိများ နေထိုင်ရာ ရိပ်သာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိ ခိုက်မှုရှိကြောင်း ဒေါင်းမင်းစစ်ကြောင်းထံမှ သိရသည်။

 

မေလ ၂ ရက် နေ့က မြဝတီမြို့သို့ ချီတက်ရန် ကြိုးစားနေသည့် အောင်ဇေယျစစ်ဆင်ရေး ဦးဆောင် နေသူ အကြမ်းဖက်စစ်ကောင်စီ၏ အရာရှိများ နေထိုင်ရာ ရိပ်သာနှင့် အမှတ် ၃ ဂိတ်ကို ဒရုန်းဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

https://youtu.be/A6MU3gz_wjo

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို King Peacock Drone Force – ဒေါင်းမင်းဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...