Karenni State News

Karenni State News

ဖယ်ခုံမြို့နယ်၊ ဆိုင်ခွန်(ရှမ်း)ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးသီး အ လုံး ၄၀ ခန့် ကြဲချတိုက်ခိုက်မှု အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ် ရာရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၄

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်းရှိ ဆိုင်ခွန်(ရှမ်း)ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးသီး အလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာအသက် ၁၃ နှစ်အရွယ်ကလေး ၁ ဦး သေ ဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ထံက သိရပါတယ်။

 

မနေ့က ဒီဇင်ဘာလ ၃ ရက် မနက်အစောပိုင်း ၃ နာရီဝန်းကျင်က ဖယ်ခုံမြို့နယ် အနောက်ခြမ်း ၊ ဆိုင်ခွန် (ရှမ်း) ကျေးရွာပတ်ဝန်းကျင်ကို အကြမ်းဖက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးသီး အလုံး ၄၀ ခန့် ကြဲချ တိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တာအပြင် အိမ်မွေးတိရစ္ဆာန်ကျွဲနွားတွေလည်း ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

“တိုက်ပွဲမရှိဘူး။ အဲဒီနေရာတွေက တိုက်ပွဲနယ်မြေလည်းမဟုတ်ဘူး။ အရပ်သား ပြည်သူတွေနဲ့ စစ် ဘေးရှောင်တွေပဲ နေတဲ့‌ နေရာပါ။ မနက် ၃ နာရီ ဂျက်လေယာဉ် ၂ စီးနဲ့လာကျဲသွားတာ၊ ရွာအနီး အနားပတ်ဝန်းကျင်ကိုပဲ၊ ပြည်သူ ၁ ဦးသေတယ်၊ ၃ ဦးထိခိုက်ဒဏ်ရာရတယ်၊ တိရစ္ဆာန်တွေလည်းထိ ခိုက်မှုရှိတယ်။” ဟု မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကုန်းပေါ်ကျေးရွာကို အကြမ်း ဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ၁ လသားအရွယ် နဲ့ ၁နှစ်သားအရွယ် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ပြည်သူ ၆ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေး တယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် ငလျင်ဒဏ်သင့်အဆောက်အအုံဖြိုချရာက အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၃၀   မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ်သင့် အ ဆောက်အအုံတစ်လုံးကို ဖြိုချရာက အမျိုးသား...