သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၄
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး အများပြား ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
“ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်လို့ ပြောလို့ရတာပေါ့၊ တမြန်နေ့က ဖြစ်တာ၊ ဒီးမော့ဆို အောက်နားသဲတောင်နားလေးမှာ၊ ထိတွေ့မှုဖြစ်တာက ထိုလိပလံနဲ့ ပထုံငံဆိုတဲ့ရွာမှာဖြစ်တာ၊ ရန်သူ ဘက်က အသအပျောက်ကတော့ ၂၀ နဲ့ ၃၀ ကြားမှာရှိတယ်။ ပစ္စည်းတချို့လည်း သိမ်းဆည်း ရရှိ တာ ရှိတယ်။ ဒါပေမယ့် တပ်ပေါင်းစုတွေက ထုတ်ပြန်ကြေညာချက်တွေ မထုတ်နိုင်သေးဘူး။ ပြီး တော့ ကျဆုံးရဲ ဘော် ၃ ဦးရှိတယ်။ ရန်သူကတော့ မနေ့က ပြန်ဆုတ်သွားတယ်။” ဟု Kayan National Army -KNA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းတောင်၊ ကရင်နီ စစ်တိုင်း ဒေသ တပ်ရင်း ၁၁၀၉ မှ ရဲဘော်တစ်ဦး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ရဲဘော်တစ်ဦး နှင့် Kayan National Army -KNA တပ်ဖွဲ့မှရဲဘော်တစ်ဦး စုစုပေါင်း ၃ ဦး ဖက် ဒရယ်ဒီမိုကရေစီ စနစ် ထူထောင်ရေးအတွက်မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း သိရသည်။
Thanlwin Myanmar Media