စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးပစ်ချနိုင်ခဲ့သော ဖားဆောင်းမြို့ ခလရ ၁၃၄ တပ်ရင်းကို သိမ်း ပိုက်မှု မှတ်တမ်းထုတ်ပြန်(ရုပ်သံ)

စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးပစ်ချနိုင်ခဲ့သော ဖားဆောင်းမြို့ ခလရ ၁၃၄ တပ်ရင်းကို သိမ်း ပိုက်မှု မှတ်တမ်းထုတ်ပြန်(ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၄

ကရင်နီပြည်၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းကို သိမ်းပိုက်စဉ် အကြမ်းဖက်စစ် ကောင်စီ၏ တိုက်လေယာဉ် တစ်စီးကို ပစ်ခတ်နိုင်ခဲ့သည့် ရုပ်သံမှတ်တမ်း ကို KNDF က ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်သည်။

ဇွန်လ ၂၆ ရက်နေ့မှ စ၍ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်း ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၃ ရက် နေ့တွင် အောင် မြင်စွာသိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက် ညပိုင်းက ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်းက လေကြောင်းဖြင့် ဗုံးကျဲ၍ စစ်ကူ ပေးရန် လာရောက်သည့် FTC-2000G အမျိုးအစား ဂျက်ဖိုက်တာတစ်စီးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ပစ်ချခဲ့ရာ လေယာဉ်ကို ထိမှန်ပြီး ဖားဆောင်းမြို့နှင့် ကျောက်စုကျေးရွာ၌ ပျက်ကျ သွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျက်ကျသွားသည့် လေယာဉ်ပေါ် စီးနင်းလိုက်ပါလာသူ လေယာဉ်မှူး တစ်ဦးမှာ လေယာဉ်နှင့်အတူ မီးလောင်သွားပြီး ကျန်တစ်ဦးမှာ လေထီးဖြင့် ခုန်ဆင်းစဉ် သစ်ပင်ငြိ ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းသိမ်းပိုက်ရာတွင် ဖားဆောင်းပြည်သူ့ ကာကွယ်ရေး တပ် (အမှတ်-၁၁၀၈) တပ်ရင်းမှ အသက် ၄၀ အရွယ် ရဲဘော်ကျော်စိုး (ခ) ဆိုင်မောင်းသည် တိုင်း ပြည်နှင့် ပြည်သူ့အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း ဖားဆောင်းမြို့နယ်ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့...