ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၆ ဦး ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၆ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် ၈ နာရီ ၄၀ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေး ရှောင်ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေကိုပဲ ပစ်မှတ်ထားပြီးကျဲနေတာ၊ လေယာဉ်ရော၊ ဒရုန်းရော၊ လက်နက်ကြီးတွေ ရော မိုးရွာသလို တအုံးအုံးပဲ ဆော်နေတာ၊ အခုထိလည်း လေယာဉ်တွေက တောက်လျှောက်ဝဲနေ တုန်းပါ၊ ကတုတ်ကျင်းက ကိုထွက်လို့မရဘူး။” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲ မရှိသည့် နေရာ ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်စခန်းများ မရှိသည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ဗုံး ကျဲ ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများနေဖြင့် စစ်ရေးအသိ၊ စစ်ရေသတိရှိရန် လိုအပ်ပြီး ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်း ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...