ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်၌ တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်၌ တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၃၀

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ ကြောင်း ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ ၁၁ ၊ ကရင်နီစစ်တိုင်းဒေသက ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နံနက် ၁၀ နာရီက ဒီးမော့ဆိုမြို့နယ် ၊ ငွေတောင်ရွာသစ်၌ အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီအထိ ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – ရှမ်းတောင်၊ကရင်နီ စစ်တိုင်း၊ ဗျူဟာအမှတ် ၁၁

ထို့အပြင် စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၄ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက် နှင့် MA-3 အမျိုးအစား သေနတ် ၁ လက် စုစုပေါင်း ၆ လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ မိတော်လှန်ရေးတပ်ပေါင်းစုတို့ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရှမ်းတောင်၊ကရင်နီ စစ်တိုင်းဗျူဟာ ၁၁ နှင့် ကရင်နီပြည်နယ်ရှိ တပ်ပေါင်းစု များ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းတောင် ဒရုန်းတပ်ဖွဲ့၊ ဗျူဟာ ၁၁ ဒရုန်းတပ်ဖွဲ့၊ DMO Local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်းတပ်ဖွဲ့ နှင့် KNA ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ပေါင်းစုမှ စည်းလုံးညီညွတ်စွာ ပူပေါင်းတိုက်ခိုက်နိုင်ခဲ့သဖြင့် ဒီးမော့ဆိုမှ ဖရူဆိုသို့ ဦးတည်လာခဲ့သော အကြမ်းဖက်စစ်ကော်မရှင် စစ်ကြောင်းအား စစ်ဦးချိုး အထိနာအောင်စွမ်းဆောင် နိုင်ခဲ့ကြောင်း ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ ၁၁ ၊ ကရင်နီစစ်တိုင်းဒေသက ထုတ်ပြန်ထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၁ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာ၌ အထိုင်ချတပ်စွဲ ထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ် သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အ မှတ် ၂...