ဒီးမော့ဆိုမြို့အတွင်းဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးရန် ဦးတည်နေ

ဒီးမော့ဆိုမြို့အတွင်းဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးရန် ဦးတည်နေ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၀

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အတွင်းဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်က ဖရူဆိုမြို့နယ်ဘက် သို့ ဆက်လက်စစ်ကြောင်းထိုးရန် ဦးတည်နေကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်ထံက သိရသည်။

ဩဂုတ်လ ၄ ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီး၊ ဒရုန်းတို့ဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ ရပ်ကွက်များအတွင်းသို့ အလွန်အကျွံ ပစ် ခတ်တိုက်ခိုက်ပြီး မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ယမန် နေ့ ဩဂုတ်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့တွင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကရင် နီတော်လှန်ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Photo = 1111 စစ်ဆင်ရေးအတွင်း လက်နက်ချအလင်းဝင်ခဲ့သော စစ်သားများနှင့် KNDF တပ်ဖွဲ့ဝင် များ

“ဒီးမော့ဆို လမ်းခွအထိရောက်နေပြီ။ သူတို့နေရာဟောင်းလို့ ပြောလို့ရတာပေါ့။ သူတို့က လမ်းခွ အထိ ရောက်နေပြီဆိုတော့ ဖရူဆိုဘက်ကို ဦးတည်နေတယ်။ ဖရူဆိုဘက်ကို ဆက်ထိုးဖို့များမယ် ထင်တယ်။ ဒီးမော့ဆိုမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက် သူတို့ဆီပါသွားတာ၊ ကျနော်တို့ဘက်က ၄၀ ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်နိုင်တဲ့သဘောပေါ့။ စစ်ကြောင်းတွေကတော့ ဆက်တိုးနေတုန်းပဲ၊ တိုက်ပွဲလည်း ဆက်ပြင်းထန်နေတယ်။ ဒီးမော့ဆိုမြို့ထဲမှာလည်း တိုက်ပွဲဖြစ်နေတယ်၊ နောက်ပြီး တော့ ဖရူဆိုဘက်လည်း စစ်ကြောင်းက ဦးတည်နေတယ်။ ကိုယ့်ဘက်ကလည်း ပေးဆပ်ရတာရှိတာ ပေါ့။” ဟု ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူထောင်ချီကာ စစ်ဘေးရှောင်နေရကြောင်း နှင့် စစ်ဘေးရှောင်စခန်းများကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိ ခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေး သင်တန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar - BWM က ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ...