ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ လုပ်ဆောင်

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ လုပ်ဆောင်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၉

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ် ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဩဂုတ်လ ၈ ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးကာ ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများသည် အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း ၊ အကြောင်းရင်းမရှိ တမင် ပစ်ခတ်သတ်ဖြတ်ခြင်း နှင့် အရပ်သား ပြည်သူများအား လူသားဒိုင်းကာ အဖြစ် အသုံးပြု၍ စစ်ကြောင်း၏ အရှေ့ဆုံးမှ သွားလာစေခိုင်းခြင်း ၊ ၎င်းတို့၏ စစ်သုံးပစ္စည်းများအား သယ်ဆောင် စေခိုင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ပြည်သူတွေကို ဖမ်းတယ်၊ သတ်ဖြတ်တယ်ဆိုတာကတော့ မဆန်းတော့ဘူးထင်တယ်။ သူတို့က ဒီလိုနေတာများပြီလေ။ နှစ်နဲ့လည်းချီလာပြီ။ အမြဲတမ်းပဲလုပ်နေတာပဲလေ။ အဲဒါတော့ အတည် ပြုလို့ရတာပေါ့။ ဖမ်းဆီးခံရတာ။ သတ်ဖြတ်ခံရတာတွေကတော့ ရှိတယ်။ အရေအတွက်ဘယ် လောက်ဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ တိုက်ပွဲကတော့ ဖြစ်နေတယ်။ ဒါပေမယ့် တခါ တလေကျတော့လည်း ပြောက်ကျားတွေလုပ်တာပေါ့။ အဆက်အသွယ်ကလည်း ခက်ခဲနေလို့ အတိ အကျတော့ ပြောရခက်တယ်” ဟု KA စစ်ရေးချုပ်ဗိုလ်မှူးကြီး ဖုန်းနိုင်က ပြောကြားသည်။

ထို့သို့ စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် အသုံးချနေမှုမှုများကို KNDF ဗဟိုမှ မှတ်တမ်း အချို့ ရရှိထားကြောင်း၊ ထို့အပြင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် ကျေးရွာတစ်ရွာ၏ လမ်းမကြီး ပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းဝင်ရောက်လာမိသည့် ပြည်သူများကိုလည်း အမေးအမြန်းမရှိ တမင် ပစ်ခတ်ခြင်း ၊ ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်ခဲ့သည့် မှတ်တမ်းလည်း ရယူနိုင်ခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအား ဥပဒေမဲ့ မဆင်မခြင် ဖမ်းဆီး၍ နှိပ်စက်ညှင်းပန်းခြင်း ၊ သတ်ဖြတ်ခြင်း ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း စသည့်စစ်ရာဇဝတ်မှုများကို အရှက်တရားကင်းမဲ့စွာ ထပ်ခါတလဲလဲ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေ သောကြောင့် မိဘပြည်သူများအနေဖြင့်  လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီး နှင့် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာသော လမ်းသွယ်များအား အသုံးပြုသွားလာခြင်း လုံးဝ မပြုလုပ်ကြပါရန် အထူးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ် ၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦး ဆောင်သည့် PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးမှု နေအိမ်အလုံး ၂၀ ကျော်ပြာကျ (ရုပ်သံ)

ဆီဆိုင်မြို့နယ် ၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦး ဆောင်သည့် PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးမှု နေအိမ်အလုံး ၂၀ ကျော်ပြာကျ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်တပ် လက်အောက်ခ့ ခရိုနီးနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပြာကျထားပြီဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ ဆီဆိုင်မြို့နယ်...