စစ်တပ်၏ နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတုအယောင်ဟန်ပြရွေးကောက်ကို ကန့်ကွက်တားဆီးရ မည့်အပြင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အဖွဲ့ကိုပါ အမြစ်ဖြုတ်နှိမ်နင်းရမည်ဟု KNPP ပြောဆို

စစ်တပ်၏ နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတုအယောင်ဟန်ပြရွေးကောက်ကို ကန့်ကွက်တားဆီးရ မည့်အပြင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အဖွဲ့ကိုပါ အမြစ်ဖြုတ်နှိမ်နင်းရမည်ဟု KNPP ပြောဆို

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၉

စစ်တပ်၏ နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတုအယောင်ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးရ မည့်အပြင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အဖွဲ့ကိုပါ အမြစ်ဖြုတ်နှိမ်နင်းရမည်ဖြစ်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် ကျရောက်သည့် ၇၇ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန် ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများမှ အပြီး တိုင် ဖျက်သိမ်းပြီးဖြစ်သဖြင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်တိုက် ဖျက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတမှု မရှိသည့်၊ စစ်တပ်၏ နိုင်ငံရေးလှည့် စားမှု ဖြစ်သည့် အတုအယောင်ဟန်ပြ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေမှုများအား ကန့်ကွက် တားဆီးရမည်ဖြစ်ကြောင်း KNPP က ပြောဆိုထားခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိ အကြမ်းဖက် မင်းအောင်လှိုင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်း လိုက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကာ ယင်းတွင် မင်းအောင်လှိုင် ကသာ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ယာယီသမ္မတ(တာဝန်) အဖြစ်လည်းကောင်း၊ စစ်တပ် ဦးစီးချုပ် အဖြစ် လည်းကောင်း ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ရာထူးနေရာများ ဆက်လက်ရ ယူထားသည့် စစ်ကျွန်ဇာတ်သွင်းမည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစိုးရအဖွဲ့ သစ်ကိုလည်း အမြစ်ဖြုတ် ဖြိုခွဲနှိမ်နှင်းရမည် ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် နိုင်ငံအား ဆယ်စုနှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့ သည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းပြီး ပြည်နယ်နှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ ၏ ဆန္ဒနှင့် ပါဝင်မှုကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေးရှုသည့် ပြည် နယ်/ ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-Up Federalism) ချဉ်း ကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ တော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သည့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ အခြားသော တော်လှန် ရေး အင်အားစုများနှင့်အတူ ဦးတည်လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော် ပြထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃၀ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်များအားလုံးသည် အကြမ်းဖက် သမားများ ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်ဟုခေါ်သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက် အုပ်စု...