Karenni State News

Karenni State News

မော်ချီးမြို့၊ စက်စရာရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၁၄

 

ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ မော်ချီးမြို့၊ စက်စရာရပ်ကွက်အတွင်း စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအတင် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မော်ချီးမြို့၊ စက်စရာရပ်ကွက်ရှိ Wifi လိုင်းသုံးနေကြ သည့် လူအုပ်စုအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆိုင်ပိုင်ရှင် တစ်ဦးသေဆုံးပြီး Wifi လာရောက်အသုံးပြုသည့် ပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မော်ချီးမြို့၊ စက်စရာကွေ့ ရပ်ကွက်ထဲက Wifi လိုင်းလာသုံးတဲ့ နေရာ လူနေရပ်ကွက်ကို လာကျဲ တာ၊ ဆိုင်ပိုင်ရှင်နဲ့ ကလေးငယ် ယောက်ျားလေး တစ်ယောက်အပါအဝင် ၇ ဦးသေဆုံးတယ်။ သေတဲ့အထဲမှာ အမျိုးသမီး ၅ ဦးပါတယ်။ ထိခိုက်ဒဏ်ရာရသူက ၂၀ လောက်ရှိတယ်၊ နေအိမ် တွေ လည်း ပျက်စီးသွားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြား သည်။

 

အလားတူ ဇူလိုင် ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း မော်ချီးမြို့ လိုလော်ထီးရွာကို အကြမ်း ဖက် စစ်တပ်က ပေါင် ၂၀၀ ဗုံး ၂ လုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး နေအိမ်များ လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မိုးကုတ်မြို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၄   မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆...