Karenni State News

Karenni State News

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦး သေဆုံးပြီး ၂၀ ဦး ကျော်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၆

 

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မောချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ပြည်သူ ၇ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ပေါ်ရွာ၌ တိုက်ပွဲ ဖြစ်ပွာခြင်း မရှိပဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခဲလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင် ပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခဲကျင်းနဲ့ ကုန်စုံဆိုင်ပေါ်ကို ဗုံးကျကွဲတာ၊ ခဲကျင်းဝင်နေကြတဲ့အချိန် ၊ အလုပ်တွေလုပ်နေကြတဲ့ အ ချိန်ဆိုတော့ အထိအခိုက်က များတယ်။ တိုက်ပွဲမရှိပါဘူး။ တိုက်ပွဲက ဖေားဆောင်းဘက်မှာပဲ ဖြစ် တာ၊ အခုဗုံးကျဲတာက မော်ချီးဘက်မှာ ကျဲသွားတာပါ၊” ဟု ဒေသသတင်းရင်းမြစ်က ပြောကြား သည်။

 

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေရာကို ဗုံးမကျဲပဲ ပြည်သူလူထုများ နေထိုင်ရာ စစ်ဘေးရှောင် စခန်းများ၊ လုပ်ငန်းခွင်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ ပစ်မှတ်ထားကာ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကရင်နီပြည်နယ်ဘက်ကို စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် ကင်းထောက်ပျံသန်းနေခြင်းတို့ လုပ်ဆောင်နေသောကြောင့် မိဘပြည်သူများ အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ သတိပေးချက်များကို လိုက်နာပေး ကြပါရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုန်း ကြီးကျောင်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၃၃ မိနစ်က...