Karenni State News

Karenni State News

လွိုင်ကော်မြို့နယ် စစ်တပ်စခန်းနှင့်စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး၊ လက်နက် ၈ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၆

 

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် စစ်တပ်စခန်းနှင့်စစ်ကူစစ်ကြောင်းတိုက်ခိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ထားသည်။

 

ဇွန်လ ၃ ရက် နံနက် ၅ နာရီခန့်က လွိုင်ကော်မြို့နယ်၊ သပြေကုန်းဘုန်းကြီးကျောင်းဝင်းအတွင်း အ ခိုင် အမာတပ်စွဲထားသည့် တပ်စခန်း ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်နေစဉ် ဆီဆိုင်မြို့နယ်ဘက်မှ ထွက်လာသည့်စစ်ကူစစ်ကြောင်းကို ထပ်မံ ၍ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီလ ၃ ရက် မနက် ၅ နာရီလောက်မှာ တိုက်ခဲ့တာပါ၊ သပြေကုန်းရွာဆိုတာက လွိုင်ကော်မြို့နယ် ထဲက ရွာပေါ့၊ စခတွေကတော့ လွိုင်ကော်မြို့ကနေ ထွက်ထိုင်တာများတယ်။ စစ်ကူကတော့ ရှမ်း တောင်၊ ဆီဆိုင်ဘက်ကနေ PNO တွဲပြီးလာတာပါ” ဟု KNDF တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးကာ စစ်ကောင်စီ တပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၅ လက်၊ AK-47 အမျိုးအစား သေနတ် ၁ လက်၊ MA-4 အမျိုး အစား သေနတ် ၁ လက်၊ RPG အမျိုးအစားသေနတ် ၁ လက်နှင့် အခြားလက် နက် ခဲယမ်းများ သိမ်းယူရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ နှင့်အတူ ဗျူဟာအမှတ်-၂ အောက်ရှိ တပ်ရင်းများ ၊ မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF အမှတ် ၂ ဗျူဟာက ထုတ်ပြန်ထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသော ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ လက်နက် တစ်လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန် ၆   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော ပျူစောထီး ၁ ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး...