ဘောလခဲမြို့ရှိ ရေနီပေါက် ကာကင်းစခန်းကို သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၁၅ လက်ကျော်သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇွန်လ ၄
ကရင်နီပြည်၊ ဘောလခဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကာကင်းစခန်းကုန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၁၅ လက်ကျော်သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြေကြားသည်။
မေလ ၂၂ ရက် နံနက် ၇ နာရီခန့်က ဘောလခဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာကုန်း ကို ကာကွယ်ရေးပေးထားသည့် ကာကင်းစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၂၀ လောင်းထက်မနည်းမျက်မြင်တွေ့ ရှိခဲ့ပြီး လက်နက် ၁၅ လက်ကျော်သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်းအကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၇ ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဗျူဟာစခန်းတော့မဟုတ်ဘူး။ ရေနီပေါက်က အရှေ့ကာကင်းပေါ့၊ ဗျူဟာနဲ့တော့ ချိတ်ဆက်နေတာ ပေါ့၊ လက်နက်ကတော့ ၁၅ လက်၊ ၁၆ လက်လောက်ရတယ်၊ အလောင်းက ၁၅ လောင်း ၊ အလောင်း ၂၀ လောက်တော့ အဝေးကနေ တွေ့ရတယ်။ လေယာဉ်နဲ့ဗုံးလာကျဲတော့ အတိအကျတော့ ရေလို့မရ ဘူး။ ဒီထက်တော့ ပိုအုံးမယ်ထင်တယ်။ လေယာဉ်နဲ့က ၇ ကြိမ်ဗုံးလာကျဲတယ်။ Gun က ၅ ကြိမ်ဆွဲ ပစ်သွားတယ်၊ သူက ပွိုင့်ဖိုက်အလုံးကြီးတယ်။ လေယာဉ်ပေါက်က ပစ်သွားတာ၊” ဟု KA စစ်ရေး ချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။
ရေနီပေါက်ရွာကာကင်းစခန်းသည် ဘော်လခဲမြို့၏ သံလွင်မြစ် အရှေ့ဖက်ကမ်းတွင် တည်ရှိပြီး ဆက် လက်သိမ်းပိုက်ရန် ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်များကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ ကြောင်း၊ ဘောလခဲမြို့တွင် စစ်ကောင်စီ၏ ခမရ ၄၂၉ ၊ ခမရ ၄၃၀ နှင့် ခလရ ၃၃၇ တို့အပြင် ရှမ်း ပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂ လက် အောက်ခံတပ်ရင်းအချို့ အားဖြည့် ထားကြောင်း သိရသည်။
Thanlwin Myanmar Media