Karenni State News

Karenni State News

မိုးဗြဲမြို့ရှိ ရှေ့တန်းကာကင်းနေရာတစ်ချို့ ပြန်လည်ထိန်းချုပ်စဉ် စစ်တပ်က စနိုက်ပါဖြင့် ချောင်း မြောင်းပစ် ခတ်မှုကြောင့် PDF ရဲဘော်တစ်ဦး စိုးရိမ်ရ ဒဏ်ရာရ၊ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၂၅

 

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ ရှေ့တန်းကာကင်းနေရာအချို့ကို ပြန်လည် ထိန်းချုပ်စဉ် စစ်တပ် စနိုင်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် PDF ရဲဘော်တစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း Mobye Local PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၃ ရက်နေ့က မိုးဗြံမြို့၊ Local ဗျူဟာ အမှတ် ၂ လှုပ်ရှားနယ်မြေတွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များ လက်လွတ်ခဲ့ရသည့် ရှေ့တန်းကာ ကင်းအချို့ကို ပြန်လည်ချီတက်ပြီး ခြေ ကုပ်ယူနိုင်ခဲ့ကြောင်း၊ ထိုသို့ ချီတက်ခြေကုပ်ယူစဉ် စစ်ကောင်စီတပ်က စနိုင်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ Mobye Local PDF ရဲဘော်တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်လွတ်ထားရတဲ့ ကာကင်းအချို့ကို ပြန်လည်ခြေကုယ်ယူချိန်မှာ စနိုက်ပါနဲ့ ပစ်ခံရတာပါ၊ ထိ ခိုက်သွားတဲ့ရဲဘော်ကတော့ နည်းနည်းစိုးရိမ်ရတယ်၊ အဆုတ်ထိခိုက်သွားတာ။ စကစနဲ့ PNO ပြည် သူ့စစ်က ဆက်လက် ထိုးစစ်ဆင်နေတုန်းပဲ၊ တိုက်ပွဲကလည်းနေ့စဉ်နေ့တိုင်းပဲ၊ သူတို့ဘက်က ထိခိုက် သေဆုံးမှု အတိအကျတော့ မသိရဘူး” ဟု Mobye Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ ကာကင်းအချို့ပြန်လည်နေရာယူမှုကို Mobye Local PDF ၊ DMO Local PDF ၊ KNA နှင့် KNDF တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်း သမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

 

“အခုလက်ရှိ တိုက်ပွဲက နေ့ရက်တိုင်းရှိနေတဲ့အတွက် စားနပ်ရိက္ခာနဲ့ ခဲယမ်းလိုအပ်ချက်ရှိပါတယ်။ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Mobye Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှ ထွက်လာသော ပျူစောထီး များကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊...