Karenni State News

Karenni State News

လွိုင်ကော်မြို့သို့ ချီတက်လာတဲ့ စစ်တပ် စစ်ကြောင်းတစ်လုံး တိုက်ခိုက်ချေမှုန်းခံရ၊ စစ်သား ၄၀ ကျော် သေဆုံး ပြီး ၆ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၇

 

ကရင်နီပြည်၊ လွိုင်ကော်မြို့ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ် သံလွင်မြန်မာသတင်းဌာနကို ပြောပါတယ်။

 

နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့ကနေတဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာ တဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ တပ်သားတွေကို မိုးဗြဲမြို့၊ ကုန်းသာကျေးရွာအနီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေ မှုန်းခဲ့ရာ အ ကြမ်းဖက်စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံလိုက်ရတာပါ။

“မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိတယ်၊ လက်နက် ၂၂ လက်ရပါတယ်။ အဲဒါမှန် ပါတယ်။ ကျနော်တို့ သိမ်းဆည်းရရှိတာလောက်ပဲ သိရသေးတယ်။ တိုက်ပွဲက ၂၅ ၊ ၂၆ ရက်နေ့ ၂ ရက်ဖြစ်တာ၊ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေထိခိုက်မှုမရှိပါဘူး” KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က အတည်ပြုပြောဆိုပါတယ်။

 

လွိုင်ကော်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံရသူတွေ ပါဝင်လာပြီးတော့ ၆ ဦးအရှင်ဖမ်းမိခဲ့ကာ စစ်သား ၄၀ ကျော်သေဆုံးပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါ တယ်။

 

“မနေ့က လွိုင်ကော်မြို့ဘေး တိုက်ပွဲမှာ ပြည်သူ့စစ်မှုထမ်းအသစ်တွေ ၆ ယောက်အရှင်မိတယ်၊ လက်နက် ၂၀ ကျော်ရတယ်။ ၄၀ ကျော်သေတယ်၊” ဟု ၎င်းက ပြောပါတယ်။

 

တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းဟာ ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ အင်းမမြို့နယ်အခြေစိုက် တပ်ရင်းဖြစ်ပြီး ကရင်နီပြည်နယ်ကို မကြာခဏပို့ဆောင်ခံရကာ ပို့ဆောင်ခံရတဲ့အကြိမ်တိုင်းလည်း တိုက်ခိုက်ချေမှုန်းခံနေရတဲ့ တပ်ရင်းတစ်ခုဖြစ်ပါတယ်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့...