Karenni State News

Karenni State News

ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၈ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ် ၁ ဗျူဟာ ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၁ ရက် မွန်းလွဲ ၁ နာရီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖယ်ခုံမြို့ပေါ်ရှိ စကခ ၇ တပ် စခန်းမှ ခေါင်းအိရွာသစ်အတွင်းသို့ လက်နက်ကြီးဖြင့် ၁၀ လုံးကျော် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စစ်ဘေး ရှောင်နေသူ အသက် ၈ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများအနက် အသက် ၄၀ အရွယ်အမျိုးသမီးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဖယ်ခုံကျန်း မာရေး ကယ်ဆယ်ရေး PKHC အဖွဲ့မှ ဆေးကုသပေးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လေကြောင်း၊ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဝိရိယဖြင့် နေထိုင်သွားလာကြရန် သတိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...