Karenni State News

Karenni State News

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကယန်းလူမျိုး ၇၀၀ ခန့် သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကယန်း လူမျိုး ၇၀၀ ခန့်သေဆုံးခဲ့ကြောင်း KNDF ဥက္ကဌ ခွန်ဘီထူးက ပြောကြားသည်။

 

၂၅ ကြိမ်မြောက် ငွေရတုကယန်းအမျိုးသားနေ့အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောဆိုရာ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဒီနေ့ကယန်းလူမျိုးတွေ စစ်ပွဲတွေကြောင့်မို့လို့၊ အဖိအနှိပ်တွေကြောင့်မို့လို့ ၊ လက်နက်ကြီးပစ်တာ၊ လေယာဉ်တွေပစ်တာကြောင့်မို့လို့ ကျနော်တို့လူထုတွေတော်တော်များများက အိုးအိမ်တွေ၊ နေရပ် တွေ စွန့်ပေးရတယ်၊ နောက်ပြီး စစ်ဘေးစစ်ဒဏ်ကြောင့်မို့လို့ ကယန်းလူမျိုးအနည်းဆုံး ၇၀၀ လောက်သေဆုံးကြရတယ်။ ဒီအခြေအနေတွေအားလုံးကို ကျနော်တို့အားလုံးက အောက်မေ့သတိရ ပြီးတော့ ဒီဟာကိုကျော်လွှားနိုင်ဖို့ ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားရလိမ့်မယ်။” ဟု KNDF ဥက္ကဌ ခွန်းဘီထူးက ပြောကြားသည်။

ယနေ့ကယန်းအမျိုးသားနေ့အတွင် သင်ခန်းစာသည် ညီညွတ်မှုသာလျှင်အဓိကဖြစ်သည်ကို ပြသ ကြောင်း၊ ကယန်းလူမျိုးများအကြား နိုင်ငံရေးသဘောတူညီမှုမရရှိသေးသည့်တိုင် အာဏာရှင်တော် လှန်ရေးကို ညီညွတ်စွာရပ်တည်တော်လှန်နေကြကြောင်း၊ နေရာအနှံ့ရောက်ရှိနေသည့် ကယန်း လူထုက တညီတညွတ်တည်း ကယန်းအမျိုးသားနေ့ပွဲကို ကျင်းပကြခြင်းသည် ညီညွတ်မှုကို ပြသ ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ယမန်နေ့ ဧပြီလ ၁၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ယကန်းအမျိုးသားနေ့ပွဲတော် ကျင်းပရာ သိဘိတ် ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ပြည်သူ့စစ်မှုထမ်း - ပစ စစ်သားများ သေဆုံးပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ် ချောင်း သာ ကုန်သည်ဟု စစ်ဗိုလ်များက ခြိမ်းခြောက်လျက်ရှိပြီး တပ်ရင်းအတွင်း၌လည်း မူးယစ် ဆေးဝါးများ ရောင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောကြား သည်။...