Karenni State News

Karenni State News

မိုးဗြဲမြို့တွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူ့နေအိမ်များကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများ ဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူ့နေအိမ် များကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၁၅ လုံးထက် မနည်း မီးလောင်ပျက်စီးခဲ့ကြောာင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးဗြဲမြို့တွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူ့နေအိမ်အဆောက်အဦးများကို လက်နက်ကြီး ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူနေအိမ် ၁၅ လုံးနှင့်အထက် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မိုးဗြဲနဲ့အနီးတဝိုက်က ပြည် သူတွေကလည်း အကုန်လုံးစစ်ရှောင်သွားကြ တယ်။ ဒါပေမယ့် စစ် ကောင်စီရဲ့လေကြောင်းတိုက်ခိုက် မှုတွေ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေရှိနိုင် တဲ့ အတွက် ပြည်သူတွေ အနေနဲ့တော့ လုံခြုံရေး သတိရှိရှိနေထိုင် ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

စစ်ကောင်စီသည် နှစ်ဖက်စစ်ဆိုင်ထားသော တိုက်ပွဲဧရိယာများမဟုတ်သော မိုးဗြဲမြို့တွင်းရှိ ရပ် ကွက် များထဲသို့ နေ့စဉ် ဒရုန်းများဖြင့် ဗုံးကျဲခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ကာ ပြည်သူများ၏ အိုးအိမ်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင် ထင် ကျူးလွန်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စ၍ ယနေ့ထိ စစ်ကောင်စီ ၏ စစ်ကြောင်းများမှာ မိုးဗြဲမြို့တွင်းသို့ ဝင် ရောက်နိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေပြီး နေ့စဥ်ထိတွေ့တိုက်ပွဲများ ရှိနေ၍ အရပ်သား ပြည်သူများအနေဖြင့် မိုးဗြဲမြို့အနီး ဝန်းကျင်တစ်လျှောက် သတိပြု၍ သွားလာကြပါရန် KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန ကထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ကျော်သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်း အုတ်ဖိုမြို့နယ် ပကဖက ထုတ်ပြန်သည်။  ...