Karenni State News

Karenni State News

မိုးဗြဲမြို့ကို စစ်တပ် ဓာတ်ငွေ့ဗုံး၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ စစ်တပ်ကမီးလောင်ဗုံးအသုံးပြုမှုကြောင့် နေအိမ် ၁၅ လုံးထက်မနည်းမီးလောင်ပြာကျ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဓာတ်ငွေ့ဗုံး၊ မီးလောင်ဗုံး များအသုံးပြု တိုက်ခိုက်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင်း တိုက်ပွဲ ဖြစ်ပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ စစ်တပ်ကမီးလောင်ဗုံးအသုံးပြုမှုကြောင့် နေအိမ် ၁၅ လုံးထက်မနည်းမီးလောင်ပြာကျခဲ့ကြောင်း KNDF တပ်ရင်း ၃ ထံမှ သိရသည်။

 

မတ်လ ၁၃ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒရုန်း၊ လက်နက်ကြီးများ အလွန်အကြူး အ သုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်မူကြောင့် ရှေ့တန်းကင်းနေရာအချို့ တပ်ဆုတ်ပေးခဲ့ရကြောင်း၊ သို့ သော်လည်း မတ်လ ၁၄ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရာ စစ်တပ်မှ ၁၅ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေး သွား ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက် ၉ လက်နှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုဘက်မှ KNDF/B-03 ရဲဘော်တစ်ဦး မြင့်မြတ် စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

 

ကျဆုံးသွားသော ရဲဘော်အား မဟာမိတ်ညီနှောင်များမှ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းမိပါ ကြောင်းနှင့် အာဏာရှင်ကျဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်တော်လှန်သွားမည်ဖြစ်ကြောင်း KNDF – B03 က ကတိကဝတ်ပြုထားသည်။

 

မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ ဓါတ်ငွေ့ဗုံးများပစ်ခတ်ခြင်းနှင့် မီးလောင်ဗုံးများ အသုံး ပြု တိုက်ခိုက်ခဲ့ပြီး ထိုသို့ မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်မူကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ် ရပ်ကွက်များအတွင်း နေအိမ်အနည်းဆုံး ၁၅ လုံးနှင့်အထက် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

 

“စစ်ကောင်စီက နိုင်ငံတကာ ဥပဒေနဲ့မညီတဲ့ ဓာတုလက်နက်တွေသုံးပြီးတော့ သူတို့ဘက်က စစ်ရေး အသာစီးရဖို့ အပြင်းအထန် ကြိုးစားနေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ မိုးဗြဲနဲ့အနီးတဝိုက်က ပြည် သူတွေကလည်း အကုန်လုံးစစ်ရှောင်သွားကြတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက် မှုတွေ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေရှိနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့တော့ လုံခြုံရေး သတိရှိရှိနေထိုင် ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့ထိ မိုးဗြဲကိုရရှိရန် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်း စစ်သားများ အသုံးပြု၍ လူအင်အား အလုံးအရင်း နှင့်ဒရုန်းများ၊ လက်နက်ကြီးများ အသုံးပြု၍ ထိုး စစ်ဆင်မှုကြောင့် တော်လှန်ရေးအင်အားစုများဖြစ်ကြသော ရှမ်းတောင်စစ်ဒေသခွဲ အမှတ် ၁ ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် အခြားတပ်ပေါင်းစုများမှ မှ ခုခံတွန်းလှန်လျက်ရှိ ‌ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...