Karenni State News

Karenni State News

ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုခူကျေးရွာ စစ်ဘေးရှောင်စခန်းကို စစ်တပ် လေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၆

 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုခူကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာန ထံက သိရပါတယ်။

 

မနေ့ (ဇန်နဝါရီ ၁၅ ရက်) မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်က ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုခူကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ တာပါ။

အဲဒီလို  ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၃၈ နှစ်အရွယ်နှင့် ၃၁ နှစ်အရွယ် ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန်တစ်ဦးကတော့ ဆေးကု သမှုခံယူရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။

 

သေဆုံးသူတွေဟာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးဖြစ်ပါတယ်။

 

“ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုခူကျေးရွာ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်တဲ့အတွက် ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်။ ၄ ဦးဒဏ်ရာရတာပေါ့၊ ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးပြီးတော့ တစ်ဦး က တော့ဆေးကုသမှုခံယူနေရင်းနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။ သေဆုံးသူ ၂ ဦးက အမျိုးသမီး တွေ ဖြစ်တယ်၊ တစ်ဦးကတော့ အမျိုးသားဖြစ်ပါတယ်” ဟု KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် အသက် ၆၀ အရွယ် အမျိုးသမီးမှာ မျက်နှာထိခိုက်ဒဏ်ရာ၊ အသက် ၅၅ နှစ်အရွယ် အမျိုး သမီး တစ်ဦးမှာ ခြေထောက်နှစ်ဖက်ဒဏ်ရာ ၊ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ မျက် နှာဒဏ်ရာ၊ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ညာဘက်ခြေထောက် ဒဏ်ရာနှင့်အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ပေါင်ကျည်စထိမှန် ဒဏ်ရာ အသီးသီးရရှိခဲ့တာပါ။

 

အဲဒီဒဏ်ရာရရှိသူ ၅ ဦးထဲက စိုးရိမ်ရတဲ့သူတစ်ဦးကတော့ ဆေးကုသမှုခံယူရင်း သေဆုံးသွား တာဖြစ်တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ ကြောင်း...