Karenni State News

Karenni State News

လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတခုကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂

 

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က လွိုင်ကော်မြို့နယ်ရှိ စစ် ဘေးရှောင် ပြည်သူများ နေထိုင်ရာ ဆင်စခန်းကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုး သမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် အသက် ၈ နှစ် အရွယ် ကလေး တစ်ဦးလည်း ဗိုက်ထိမှန်ဒဏ်ရာဖြင့် အူထွက်ကာသေဆုံးခဲ့ကြောင်း၊ ထို့အပြင် အခြား ပြည်သူ ၁ ဦး မှာ လည်းခြေပြတ်ဒဏ်ရာရရှိခဲ့ရာမှ သေဆုံးခဲ့ပြီး ကျောင်းသူ ၁ ဦးမှာလည်း ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာ စိုးရိမ်နေရကြောင်း သိရသည်။

 

“ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ၂ ကြိမ် လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ ဆင်စခန်း လို့ခေါ်တဲ့ စစ်ရှောင်စခန်းကိုလာပြီးတော့ ဗုံးကျဲသွားတာဖြစ်ပါတယ်။ အဲဒီမှာအမျိုးသမီး တစ်ဦး ပွဲချင်း ပြီး သေဆုံးတယ်။ ဒီဇင်ဘာလ ၃၁ ရက် သန်းခေါင်ယံအချိန်မှာလည်း ဒီးမောဆိုမြို့နယ်ထဲက နေရာ တစ်ခုကို စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့်လူထိခိုက်တာ တော့မရှိ ခဲ့ပါဘူး” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို ညှင်းပန်းနှိပ်စက်သတ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို...