Karenni State News

Karenni State News

ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာအတွင်းသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ကား ၂ စီးနှင့်နေအိမ်အချို့ပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၇

 

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်းရှိ ပီကင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကား ၂ စီးနှင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း KNDF တပ်ဖွဲ့မှ မြေပြင် သတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၇ ရက် ညနေ ၃ နာရီ ၂၅ မိနစ်အချိန်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်းရှိ ပီကင်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး တစ်လုံး၊ ပေါင် ၁၂၀ ဗုံးတစ်လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည် သူ ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရရှိခဲ့ ကြောင်း၊ ထို့အပြင် ကား ၂ စီးနှင့် နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီဘက်မှာက ဘာတိုက်ပွဲမှ မရှိပဲနဲ့ လာကျဲသွားတာ။ ပေါင် ၅၀၀ ဗုံးတစ်လုံး၊ ပေါင် ၁၂၀ ဗုံးတစ်လုံး။ စစ်ဘေး ရှောင်တွေနေတဲ့ ရွာပါ။ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ကား ၂ စီးနဲ့ နေအိမ် အချို့ ပျက်စီးတယ်။ ဒါနဲ့ဆိုရင် ပီကင်းရွာက လေကြောင်းကနေ ဗုံးကျဲခံရတာ ၂ ကြိမ်ရှိသွား ပြီ။မိုးဗြဲ အနောက်ခြမ်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိနဲ့နေထိုင်ကြဖို့ တိုက်တွန်း ချင်ပါတယ်။” KNDF တပ်ဖွဲ့မှ မြေပြင်ရဲဘော်တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ပီကင်းကျေးရွာသည် အိမ်စု ၆၀၀ ခန့်ရှိ ပြီး စစ်ဘေးရှောင်ပြည်သူ အများအပြား ခိုလှုံနေသည့် ကျေးရွာတစ်ရွာတစ်ရွာဖြစ်ကြောင်း၊ ယခုအကြိမ်တစ်ခါဗုံးကျဲမှုသည် ဒုတိယအကြိမ်မြောက် ကျဲချခံရခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...