Karenni State News

Karenni State News

ဆေးသင်တန်းသား ၁၈ ဦး ရေနစ်ကျဆုံးခဲ့ရမှုတွင် တာဝန်ရှိသူ ကျောင်းအုပ်ဆရာ ၁ ဦးနှင့် သင်တန်း ဆရာ ၂ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်အသီးသီးချမှတ်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၆

 

ကရင်နီပြည်နယ်တနေရာတွင် ဆေးတပ်သား ရဲဘော်၊ ရဲမေ ၁၈ ဦး ရေထဲမျောပါသေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ တာဝန်ရှိသူ ကျောင်းအုပ်ဆရာ ၁ ဦး နှင့် ဆရာတန်းဆရာ ၂ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟိုက ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်က ကရင်နီပြည်နယ်အတွင်းတနေရာမှာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဦးစီးဖွင့်လှစ်တဲ့ Frontline Combat Medic သင်တန်းက သင်တန်းသား၊ သင်တန်းသူ ၁၈ ဦးဟာ ညဘက် လေ့ကျင့်ရေးတစ်ခုဖြစ်တဲ့ Happy Mission လုပ်ဆောင်ရင်း ရေထဲမျှောပါသေဆုံးခဲ့ရတာဖြစ်ပါတယ်။

အဲဒီ သင်တန်းသား၊ သင်တန်းသူ ၁၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် KNDF ဗဟိုကော်မတီက စုံစမ်း စစ်ဆေးရန် လမ်းညွန်ချက်ခဲ့ရာ ဗဟိုစစ်တရားခုံရုံးအဖွဲ့ဖွဲ့ပြီး အမှုကြားနာ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီလိုကြားနာစစ်ဆေးချက်တွေ၊ စုံစမ်းဖော်ထုတ်ချက်နဲ့တွေနဲ့ သက်သေတွေရဲ့ထွက်ဆိုချက်တွေ အရ တာဝန်ရှိတဲ့ ကျောင်းအုပ်ဆရာ ၁ ဦး၊ ကာယလေ့ကျင့်ရေး Physical Training (PT) ဆရာ ၁ ဦး တို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၇ ၊ ၂၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်နှင့် ၃ လ စီ ချမှတ်လိုက်သလို ကျန်သင်တန်းအကူ ဆရာ ၁ ဦးကို လည်း ပြစ်မှုဆိုင်ရာ စစ်အက်ဥပဒေ ပုဒ်မ ၂၇ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လ ချမှတ် လိုက် တာလို့ သိရပါတယ်။

 

အဲဒီဆေးသင်တန်းသို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDF တပ်ရင်းတပ်ဖွဲ့ အသီးသီး က ဆေးတပ်သား ရဲဘော်၊ ရဲမေ ၁၀၂ ဦး တက်ရောက်ခဲ့တာပါ။

 

သင်တန်းကာလအတွင်း ညဘက် လေ့ကျင့် ရေးတခု ပြုလုပ်ချိန် သင်တန်းသား ၁၈ ဦးတိတိ ရေထဲ မျောပါ သေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေတွေအတွက် အလွန်စိတ်ထိခိုက်ရသလို တော်လှန်ရေးအတွက် ဆုံးရှုံးမှုကြီး တရပ်ဖြစ်တယ်လို့ KNDF ဗဟိုက ပြောဆိုထားပါတယ်။

 

KNDF အနေနဲ့ အခက်အခဲတွေဘယ်လောက်ရှိရှိ တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်သလို တော်လှန်ရေးကာလမှာ အမှားအနည်းဆုံးဖြစ်အောင် တာဝန် ထမ်းဆောင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

 

ဒါ့အပြင် ကျဆုံးရဲဘော်တွေ အားလုံးကိုလည်း တော်လှန်ရေး အောင်မြင်ပြီးမြောက်တဲ့ချိန်မှာ ထိုက် ထိုက် တန်တန် ဂုဏ်ပြုသွားမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ကစယ်ဒိုမြို့နယ်၊ ကျောက်အိုင်ကျေးရွာကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန် ၇   ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊...