Karenni News

Karenni News

မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်မှ အရာရှိ အပါအဝင် ၂ ဦး သေဆုံး

 

D Day News

မေလ ၂၅

 

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း ထံမှ သိရသည်။

 

မေလ ပထမအပတ်တွင်းက မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်း စခန်းကို ဖယ်ခုံ နှင့် မိုးဗြဲရှိ တော်လှန်ရေး မဟာမိတ်တပ်ရင်းများ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ခဲ့တာက မေလ ပထမ ပတ်ထဲက ဖြစ်ခဲ့တာ၊ ဒီနေ့မှ ထုတ်ပြန်နိုင်တာပေါ့။ ဒရုန်းတိုက် ခိုက်ရေးတွေလုပ်နေတာကြာပြီဆိုတော့ ထိရောက်မှုတွေလည်း တိုးတက်လာတယ်။ လိုအပ်ချက်တွေ လည်းရှိနေတဲ့အတွက် မိဘပြည်သူတွေကို အကူအညီတောင်းချင်ပါတယ်” ဟု ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း – Drone & Technology Department မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

မိုးဗြဲဒေသတွင် အခြေစိုက်ထားသည့် တော်လှန်ရေး ပူးပေါင်းတပ်ရင်းများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဝေဟင်မှ အသားစီးရယူကာ တိုက်ခိုက်လျက်ရှိပြီး တိုက်ခိုက်ရေး ဒရုန်း များအတွက် လိုအပ်ချက်များရှိနေသဖြင့် မိဘပြည်သူများက ပါဝင်အားဖြည့်ပေးကပါရန် Drone & Technology Department (ဒရုန်းနှင့်နည်းပညာဌာန) တပ်ရင်းအမှတ် ၁၀၀၆ ဖယ်ခုံ PDF က မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...