Karenni News

Karenni News

ကရင်နီပြည်နယ်တွင် ဧပြီလအတွင်း စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံး၊ နေအိမ်အလုံး ၃၀ ကျော်ပျက်စီး

 

D Day News

မေလ ၇

 

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၅ ဦးကို အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး နေအိမ်အလုံး ၃၀ ကျော်ပျက်စီးခဲ့ကြောင်း KNDF ဗဟို ထုတ်ပြန်ချက်အရ သိရသည်။

 

ဧပြီလ ၂ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်အချိန်တွင် ဖယ်ခုံမြိုနယ် ၊ဆောင်ငံကျေးရွာအုပ်စု ၊ ဆိုင်ခွန် ကျေးရွာ ထဲသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ရာ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးကျော် ထိခိုက် ပျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်တွင် ဖယ်ခုံမြိုနယ် ၊ လွယ်ယင်း နှင့် ပီကင်းကျေးရွာဖက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး ၊အမျိုးသမီး ၁ ဦီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့ကာ နေအိမ်များထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုအတူ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် လွိင်ကော်မြို့နယ် ၊ ကုန်းသာကျေး ရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြာင်းဖြင့်ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေး ငယ် ၂ ဦး ၊ အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေ အိမ် အလုံး၂၀ နီးပါး နှင့် ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၁ ရက်နေ့တွင် ဖယ်ခုံမြို့မှ မိုးဗြဲမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များသည် တောင်ယာတစ်ခုအတွင်း စစ်ရှောင်နေသော အရပ်သားပြည်သူ မိသားစု ၂ စုမှ အမျိုး သား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ  အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် ၁ ဦးတို့ကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသော အမျိုးသမီး (၂)ဦးထဲမှ တစ်ဦးကို အ ကြမ်းဖက် စစ်သားများက နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးမှာ ပြန်လည်လွတ်မြာက်လာခဲ့ကြောင်း သိရသည်။

 

ဧပြီလ (၂၃)ရက်နေ့တွင်လည်း ဖယ်ခုံမြို့အနောက်ဖက်ခြမ်းတွင် တောင်ယာထဲမှ ပြန်လာသော အရပ်သားပြည်သူ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးတို့ကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် ဖားဆောင်းမြို့ အခြစိုက်စစ်ကောင်စီတပ်မှ တာဝေးပစ် လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မော်ချီးဒေသရှိ ပြည်သူများနေထိုင်သော ကျေးရွာတစ်ရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဧပြီလအတွင်း စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်  ကလေး ငယ်များ အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း  ၁၀ ဦးသေဆုံးခဲ့ရပြီး ၃၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီမှ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့ သူ ၅ ဦးရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လက် နက်ကြီးပစ်ခတ်မှုများကြောင့် လူထုနေအိမ် ၆ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ရွာငံရဲစခန်းအချုပ်ထဲတွင် တပ်မ ၅၅ စစ်သားများက အသက် ၂၃ နှစ်အရွယ် မမိုးမိုးကိုနည်းမျိုးစုံ ရိုက်နှက်စက်သည့်အပြင် အမျိုးသမီးအင်္ဂါအတွင်း နံပါတ်တုတ်ဖြင့်ထိုးသွင်း၊ ရင်သားကို ခါးပတ်ဖြင့်ရိုက် နှက်နှိပ်စက်ခြင်းတို့လုပ်ဆောင်၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး ကိုလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်  ...