Karenni News

Karenni News

ဖားဆောင်းမြို့နယ်တွင် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်သား ၁၀၀ ကျော်သေဆုံး၊  ပိတ်မိ နေသော ပြည်သူ ၁၃၀ ကျော်ကို ကယ်တင်နိုင်ခဲ့ဟု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ထုတ်ပြန်

 

D Day News

မေလ ၄

 

ကရင်နီ ပြည်နယ်၊ ဖားဆောင်းမြို့နယ်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၁၀၀ ကျော် သေဆုံးပြီး  ပိတ်မိနေသော ပြည်သူ ၁၃၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊စေတီတော်ကုန်း၌ စခန်းချနေ ထိုင် နေသော အကြမ်းဖက်စစ်ကောင် စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များကဝင်တိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး လက်နက် ခဲယမ်းအများအပြား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူ ၁၃၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များ က ကယ်ထုတ်ခဲ့ပြီး ဘေးကင်းရာနေရာများသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ဘောလခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဖားဆောင်းမြို့နယ် ပါပုကျေးရွာ‌အနီးတွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က ကြားဖြတ်ဝင်တိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်စစ်သား ၁၆ ဦး သေဆုံးခဲ့ပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့‌တွင် ဘောလခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်ဝင်တိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၈၀ ကျော် သေဆုံး ဗျုဟာမှူးအပါအဝင် ၅၆ ဦး အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲ ယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲများကို DMO ၁၁၀၆  တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း ကရင် နီစစ်ဒေသ PDF တပ်ရင်းများ၊ ကလလတ၊ KA၊ KNDFနှင့် အခြားတပ်ပေါင်းစုများ ပါဝင်ခဲ့ကြောင်း သိရသည်။

 

လွိုင်ကော်မြို့သိမ်းတိုက်ပွဲဖြစ်သည့် ၁၁၁၁ စစ်ဆင်ရေးစတင်သည့်နေ့မှ ယနေ့အချိန်ထိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ DMO ၁၁၀၆ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် တပ်ပေါင်းစုများနှင့် အတူ နယ်မြေစိုးမိုးနိုင်ရေး အ တွက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ တော်လှန်ရေးတပ်ပေါင်းစုများနှင့်အတူ အာဏာရှင်စနစ်ကျရှုံး သွားသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...