Karenni News

Karenni News

လွိုင်ကော်မြို့တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု နှင့် မသမာသူတို့ ခိုးယူမှုကြောင့် ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ပျက် ဆုံးရှုံးမည့် အရေးနှင့် ကြုံတွေ့နေရပြီး ဝိုင်းဝန်းကာကွယ်ပေးကြပါရန် ကရင်နီပြည်ကြားကာလအုပ် ချုပ်ရေးကောင်စီ ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၁၈

 

လွိုင်ကော်မြို့တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု နှင့် မသမာသူတို့ ခိုးယူမှုကြောင့် ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ပျက် ဆုံးရှုံးမည့် အရေးနှင့် ကြုံတွေ့နေရပြီး ဝိုင်းဝန်းကာကွယ်ပေးကြပါရန် ကရင်နီပြည်ကြားကာလအုပ် ချုပ်ရေးကောင်စီ ထုတ်ပြန်သည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း တရားမဝင် အာ ဏာသိမ်းစစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် မီးရှို့ဖျက် ဆီးမှုများကြောင့် အများပြည်သူအိုးအိမ်များ၊ အများပြည်သူပိုင် အဆောက်အဦးများနှင့် ဘာသာရေး အဆောက်အဦးများ များစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် မသမာသူများ၏ ဖောက်ထွင်းခိုးယူမှု များ ကြောင့် အများပြည်သူပိုင်ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

 

ထိုကာလအတွင်း အထက်ဖော်ပြပါကဲ့သို့ အဆင်အခြင်မဲ့သော လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ ယဥ်ကျေးမှု ပြတိုက်အတွင်းရှိ အဖိုးမဖြတ်နိုင်သည့် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှုပစ္စည်းများ ပျောက်ပျက်ဆုံးရှုံးရမည့်အရေးနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

 

သို့ဖြစ်ပါ၍ ပြတိုက်အတွင်းရှိ ရိုးရာအသုံးအဆောင်များ၊ ရိုးရာတူရိယာများ၊ ရိုးရာလက်နက် ကိရိယာ များ၊ ရိုးရာအဆင်တန်ဆာပစ္စည်းများ၊ ဖားစည်များ စသည်တို့ကို မပျောက်ပျက်ရလေအောင် လုံခြုံ စိတ်ချရ သည့် နေရာသို့ အရေးပေါ် ရွေ့ပြောင်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ရကြောင်း ကရင်နီပြည် ကြာကာလ အုပ်ချုပ်ရေး ကောင်စီက ပြောကြားသည်။

 

သမိုင်းအစဥ်အဆက် ကရင်နီနယ်များကို အုပ်ချုပ်ခဲ့ကြသော စော်ဘွားများနှင့် ကရင်နီလူမျိုးစု၊ မျိုး နွယ်စုများ မြတ်နိုးတန်ဖိုးထားခဲ့ကြသည့် ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှု ပစ္စည်း များ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများနှင့် ကရင်နီပြည် ပြည်သူပြည်သားများအားလုံးတွင် အပြည့်အဝ တာဝန်ရှိကြောင်း ထုတ်ပြန်ထားသည်။

Photo – ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကယန်းသာယာ (တောင်) ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သည့် ခရစ်ယာန်ဘုရားကျောင်း။ (Photo: CJ)

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...