Karenni News

Karenni News

၁၄၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့အထိအမှတ်အဖြစ် အကျဉ်းသူ၊ အကျဉ်းသား ၁၂ ဦးကို လွတ်ငြိမ်းခွင့်ပေးပြီး ၁၀၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

 

D Day News

ဇွန်လ ၂၂

 

၁၄၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီက အကျဉ်းသား ၁၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၅၀ ဦးကို လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သော ၁၄၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်း အမှတ်အားဖြင့် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိ သော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်နှင့်အတူ အကျဉ်း ထောင်များတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသူ အကျဉ်းသားများအနက်မှ (၁၂) ဦးကို ပြစ် ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် (၁၀၅) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တို့ဖြင့် ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Photo – လွိုင်ကော်တက္ကသိုလ်အတွင်းမှ ကယ်ထုတ်ခဲ့ရသည့် ဆရာ၊ ဆရာမဝန်ထမ်းများကို နေရပ်ပြန်ပို့စဉ် (ပုံဟောင်း)

ထို့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို ကရင်နီပြည်နယ်၏ ကြားကာလအစီအမံ ပုဒ်မ – ၃၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂) နှင့် ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေး ဥပဒေ ပုဒ်မ – ၃၂ တို့အရ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်တွင် ဗမာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှအစိုးရ မစ်ရှင်အဖွဲ့ခေါင်းဆောင် ဆာသောမတ်ဒေါက်ကလပ်ဖောဆစ် (Sir Thomas Douglas Forsyth) တို့အကြား အနောက်ကရင်နီနယ်အား သီးခြားလွတ်လပ်သော နယ်အဖြစ် အသိအမှတ်ပြုသည့် သမိုင်းဝင် စာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့်နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...