Karenni News

Karenni News

ဖားဆောင်းမြို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဘောလခဲ PDF ရဲဘော်တစ်ဦး ကျဆုံး

 

D Day News

ဧပြီလ ၂၆

 

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ကရင်နီတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများ၏ ဖားဆောင်းမြို့သိမ်း စစ်ဆင်ရေးတိုက်ပွဲများတွင် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း အမှတ် ၁၁၀၅ တပ်ရင်းအနေဖြင့် ပါဝင်တိုက်ခိုက် လျက်ရှိကြောင်း၊ ဧပြီလ ၂၃ ရက်နေ့က ဖားဆောင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ နေရာယူထားရာ မီးသတ်စခန်းကို ကရင်နီတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ်-1105 မှ ရဲဘော်လဘန်သည် နိုင်ငံ‌ ‌တော်နှင့် လူမျိုး အတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

“ဖားဆောင်းမှာက တိုက်နေတုန်းပဲ မရသေးဘူး။ မရသေးဘူးဆိုတာက စစ်ကူတွေလာတယ်။ ဘယ် လို ဘယ်လိုကျော်သွားလဲတော့ မသိဘူး၊ သူတို့ကလည်း ဖြန့်ကျဲပြီးတော့ လာနေတာ။ သတင်းရ တာတော့ ပြီးခဲ့တဲ့ ပထမပတ်ထဲ လောက်မှာဆင်းလာတာလို့ သိရတယ်။ ဖားဆောင်းရဲ့ အပေါ်ဘက် နားမှာ ရှိတဲ့ ခလရ ၁၃၄ တပ်ရင်းက ကုတ်ခံ၊ တင်းခံပြီးတော့ ကျန်နေသေးတာ။ အဲဒီတစ်ရင်းပဲ ကျန် တော့တာ။ တစ်ရင်းတောင် လူပြည့်မဟုတ် တော့ဘူး၊ အဲဒါကြောင့် အပြင်ကနေ စစ်ကူပေး လာတာ မျိုးတော့ ဖြစ်လာတာပေါ့။” ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

 

ဖားဆောင်းမြို့သို့ စစ်ကူပေးရန် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ဘက်မှ တပ်မ ၅၅ ၊ စကခ ၁၄ ၊ စကခ ၆ တို့မှ အကြမ်းဖက်စစ်သားများကို ပို့ဆောင်ကာ အင်အားဖြည့်တင်းလျက်ရှိကြောင်း၊ ဖား ဆောင်းမြို့တွင် ခလရ ၁၃၄ တပ်ရင်းနှင့် ခလရ ၁၃၅ တပ်ရင်း ၂ ရင်းရှိပြီး ခလရ ၁၃၅ တပ်ရင်းကို သိမ်းပိုက်နိုင်ပြီးဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...