Karen State News

Karen State News

သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၁

 

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ကျော် သေဆုံးခဲ့ ကြောင်း Thawthikho အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံတောင်ကြီးမှ တောင်ငူ ဘက်ကို ခြေကျင်ဆင်း လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ရွှေညောင်ပင်အောက်ရောက်ရှိလာစဉ် ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော် တပ်မဟာ(၂) တပ်ရင်း(၅) လက် အောက်ခံပြောက်ကျား စစ်ကြောင်းများက ကြားဖြတ် တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

https://youtu.be/K4PyhjmUq0Q

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့်သင်းကျွန်းရွာရှိ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးသော စစ်သားများကို တိုက်ခိုက်မှု အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး (ရုပ်သံ)

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့်သင်းကျွန်းရွာရှိ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးသော စစ်သားများကို တိုက်ခိုက်မှု အရာခံဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ ပြည်သူ့နေ အိမ် များအား မီး ရှို့ဖျက်ဆီးသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ အရာခံ ဗိုလ်တစ်ဦးအပါ အဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းက ထုတ်ပြန် သည်။ စက်တင်ဘာလ...