ကော့ကရိတ်မြို့နယ်၊ နောင်မိရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ DKBA၊ BGF တပ်သား ၃၀ ဝန်းကျင်သေဆုံးပြီး ၃ ဦးအရှင်မိ၊ အထိနာသောစစ်တပ်က နောင်မိရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး

ကော့ကရိတ်မြို့နယ်၊ နောင်မိရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ DKBA၊ BGF တပ်သား ၃၀ ဝန်းကျင်သေဆုံးပြီး ၃ ဦးအရှင်မိ၊ အထိနာသောစစ်တပ်က နောင်မိရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နောင်မိရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်၊ DKBA ၊ BGF တပ်ဘက်မှ ၃၀ ဝန်းကျင်သေဆုံးကာ ၃ ဦးအရှင်ဖမ်းမိထားကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

အောက်တိုဘာလ ၁၀ ရက်နေ့က ကော့ကရိတ်၊နောင်မိရွာဘက်သို့ အကြမ်းဖက်စစ်တပ်၊ DKBA ဗိုလ် ဘိ တပ် ၊ BGF တပ် တို့ ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် ထီဖိုးစံ ၊‌ ဒေါန တောင်လမ်းဟောင်း ဘက်မှတဆင့် ထိုးစစ်ဆင်လာရာ နောင်မိကျေးရွာအနီးအရောက် KNLA မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၊ DKBA ၊ BGF တပ်သား ၃၀ ဝန်းကျင်သေဆုံးကာ DKBA တပ် သား ၃ ဦးအရှင်ဖမ်းမိပြီး စစ်ကြောင်းပျက်၍ နောက်ပြန်ဆုတ်ပြေးသွားကြောင်း၊ ထို့အပြင် တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် စစ်သား၊ DKBA နှင့် BGF တပ်သားများကို လူနာတင်ကားများဖြင့် နဘူးဆေးရုံ၊ ဖားအံမြို့နယ် ဆေးရုံနှင့် တောင်ကလေးဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကို မကျေနပ်၍ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ် ကောင်စီတပ်က နောင်မိကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် DKBA ၊ BGF တပ်ဖွဲ့ မှလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲကာ နောင်မိကျေးရွာကို ဖျက်ဆီးနေကြောင်း သိရသည်။

“ဗိုလ်ဘိ DKBA တွေ BGF တွေ စစ်ခွေးနဲ့ စစ်ကြောင်းတက်လာတာ နောင်မိမှာ ဖြတ်တိုက်တော့ ၃၀ ဝန်း ကျင်လောက်သေကုန်တယ်၊ DKBA /BGF တွေ ၂၀ လောက်ထိတယ်၊‌ သေတယ်၊ DKBA ၃‌ ယောက် အရှင်မိထားတယ် တော်လှန်ရေးဘက်က။ အဲဒီမှာ မြပတိုင်ရွာဘက်ပြန်ဆုတ် ပြေးရတာကို ဗိုလ်ဘိ အဖွဲ့က အခဲ့မကြေ ဖြစ်ပြီး ဒရုန်းနဲ့ချ ၊ လက်နက်ကြီးပစ်ထည့်နေတာ၊ အခုဒီနေ့ ၁၄ ရက် မှာ လေယာဉ်ဗုံးကြဲ တယ်၊ ရွာ‌တော့တော်တော်ပျက်စီးကုန်ပြီ” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ပြော ကြားသည်။

ယခုအခါ အကြမ်းဖက်စစ်တပ်၊ DKBA ၊ BGF ပူးပေါင်းတပ်ဖွဲ့များသည် နောင်တပ္ပံ၊ မြပတိုင်၊ နန်း ကော့တေး၊ ကော့ဖန်ရပ်၊ နောင်မိကျေးရွာများမှ ပြည်သူများအား ကျေးရွာအတွင်းမှ တိမ်းရှောင်ခွင့် မပြုပဲ လူသားဒိုင်းကာ အဖြစ် ထိန်းသိမ်းထားကြောင်း သိရသည်။

” ဗိုလ်ဘိ နဲ့ စစ်တပ်က ကောင်တွေက ရွာသားတွေကို စစ်မရှောင်ခိုင်းဘူး ရွာမှာ ဘဲနေရမယ်၊ BGF ကလည်း ကားတွေနဲ့ ကင်းလှည့်နေတယ်။ ရွာသားတွေတွေ့ရင် ဖမ်းခေါ်ပြီး ရိုက်တယ်၊ စစ်တယ်၊ သူတို့ကို ဒရုန်းချခံရမှာကြောက်လို့ ရွာက လူတွေ သူတို့ နဲ့ အတူတူ နေနေရတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ရှင်းပြသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံမှုကို ကြောက်နေသော အကြမ်းဖက်စစ်တပ် ၊ DKBA ၊ BGF ပူးပေါင်းတပ်များက ဒရုန်းများ အားလှိုင်းဖြတ်စက် (ဂျန်ပါ) များ ၂၄ နာရီ မီးစက် လျှပ်စစ်ဖြင့်ဖွင့်ချ ထားသောကြောင့် ဖုန်းလိုင်း ၊ အင်တာနက်လိုင်းများ သုံးမရဖြစ်နေကြောင်းသိရှိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၆ ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း CDF – Hakha ကထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...