ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က BGF တပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးနေမှုကြောင့် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိ

ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က BGF တပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးနေမှုကြောင့် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က BGF တပ်ဖွဲ့နှင့်ပူးပေါင်း ပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က ကော့ရိတ်မြို့နယ်၊ မြောက်ပိုင်း၊ ကမိုင်ကုန်း၊ အံဖကြီးကျေး ရွာဘက်သို့ အကြမ်းဖက်စစ်တပ်နှင့် စောချစ်သူလက်အောက်ခံ BGF တပ်ဖွဲ့ ၊ တပ်နယ် ၃ တပ်ဖွဲ့ဝင် များ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာသဖြင့် KNLA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။

ထို့အပြင် ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြည်သူများ နေ ထိုင်ရာကျေးရွာများအတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများ ထိခိုက်မှု ရှိပြီး KNU ဆေးရုံကို ပို့ဆောင်ထားရကြောင်း သိရသည်။

“စစ်တပ်က အာရှလမ်းပြန်ဖွင့်ဖို့ ဗိုလ်ချစ်သူ လက်အောက်ခံ တပ်နယ်၃ BGF တပ်ဖွဲ့တွေနဲ့ ပူးပါင်းပြီး ကော့ကရိတ် မြောက်ပိုင်း ကမိုင်ကုန်း ၊အံဖကြီးရွာ တွေ ဘက်ကို စစ်ကြောင်းတွေ ဝင်လာနေလို့ မနေ့ က စက်တင်ဘာ ၂၇ ရက်မှာ KNLA တပ် တွေနဲ့ တိုကိပွဲ ဖြစ်နေပါတယ်၊ ကော့ကရိတ် ခလရ ၉၇ တပ် က လက်နက်ကြီး တွေ ရွာတွေဘက် ပစ်ထုတ်တာမှာ ရွာသားတွေ ထိခိုက်မှုရှိ လို့ KNU ဆေးရုံ ဘက် ကိုပို့ရပါတယ်၊” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ နဘူးအုပ်စု၊ ဝဲကင်းအံ့ဘုန်းကြီး ကျောင်းတွင် BGF စစ်သား ၅၀ ခန့် လုံခြုံရေးယူကာ ရွေးကောက်ပွဲ မဲထည့်နည်းသရုပ်ပြမှုကို လုပ် ဆောင်ခဲ့ကြောင်း၊ ရွာသူ၊ ရွာသူများအနေဖြင့်လည်း စစ်မရှောင်ပဲ ရွေးကောက်ပွဲတွင် မဲထည့်ရမည်ဟု ခြိမ်းခြောက်စည်းရုံးလျက်ရှိကြောင်း သိရသည်။

“ဗိုလ်ချစ်သူ BGF တပ်ဖွဲ့မှာပါတဲ့ ကရင်စစ်သားတွေက ရွာ သားတွေကို ဘယ်မှ စစ်မရှောင်ဖို့၊ ရွာ မှာ ဘဲ နေကြဖို့ စားသာက်စရာတွေ သူတို့ပေးမယ် ဆိုတာမျိုး စည်းရုံးပြီး ပြောပါတယ်၊ မနေ့က နဘူး အုပ်စု၊ ဝဲကင်းအံရွာ မဘသ ဘုန်းကြီးကျောင်းမှာ ရွေးကောက်ပွဲ ထည့်နည်းသရုပ်ပြတာတွေ ကို BGF အင်အား ၅၀ ကျော် လုံခြုံ ရေးယူပေးပြီး လုပ်နေပါတယ်။ ဒေသငြိမ်းချမ်းဖို့ ရွေးကောက်ပွဲ ကို မဲထည့် ရမယ်ဆိုပြီး ကျေးရွာတွေ ဆက်တိုက် မဲထည့်နည်း သင်ပြကာ BGF က စည်းရုံနေပါတယ်” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...