တောင်ငူမြို့နယ်၊ ပဲဒဲကျေးရွာစစ်တပ်စခန်း၊ တောင်ငူ-လိပ်သိုလမ်းပေါ်ရှိ စစ်တပ်စခန်း နှင့်ကင်း လှည့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

တောင်ငူမြို့နယ်၊ ပဲဒဲကျေးရွာစစ်တပ်စခန်း၊ တောင်ငူ-လိပ်သိုလမ်းပေါ်ရှိ စစ်တပ်စခန်း နှင့်ကင်း လှည့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၉

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာ စစ်တပ်စခန်းကို စနိုက်ပါဖြင့် ၃ ကြိမ်သွားရောက်သွားပစ် ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ ၂ ၊ တပ်ရင်း ၅ လက် အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၄ ရက် နံနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် တစ်ကြိမ်နှင့် ၃၀ ရက်နေ့နေ့တွင် တစ်ကြိမ်၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ၉ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“တောင်ငူမြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ပဒဲရွာမှာပါ၊ ၃ ကြိမ်စလုံးပါပဲ၊” ဟု KNU တပ် မဟာ ၂ ၊ တပ်ရင်း ၅ လက် အောက်ခံ ကမ်းနီကြားဒေကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အလားတူ စက်တင်ဘာလ ၂ ရက် နံနက် ၁၀ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းမ ပေါ်ရှိ သံမိုးတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာ မြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့က သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းမပေါ်ရှိ ဇလဲ စခန်းမှ တောင် ဇလဲကျေးရွာဘက်သို့ ကင်းလှည့်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ဇလဲစခန်းနှင့် တောင်ဇလဲစခန်းကြားတနေရာမှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“သံမိုးတောင်စခန်းက သိပ်သိုဘက်ပါ၊ သံတောင်ကြီးမြို့နယ်ထဲမှာပါပဲ။ တောင်ငူ -လိပ်သိုလမ်းပိုင်း မှာပါ။ သံမိုးတောင်စခန်းတိုက်ပွဲကတော့ နောက်ဆက်တွဲခွေးသေထိခိုက် မသိရသေးပါဘူး။ မိဘပြည် သူတွေအနေနဲ့ အစစအရာရာ ဂရုစိုက်ပေးကြပါ၊ ပြီးတော့ အားတင်းထားပေးကြပါလို့ ပြောချင်ပါ တယ်” ဟု KNU တပ်မဟာ ၂ ၊ တပ်ရင်း ၅ လက် အောက်ခံ ကမ်းနီကြားဒေကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို KNU တပ်မဟာ ၂ ၊ တပ်ရင်း ၅ လက် အောက်ခံ ကမ်းနီကြား ဒေသကာ ကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မ ရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထီးလင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ထီးလင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော် မတီ - YDF ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက်...