သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၂၃ ဦး ထက်မနည်းသေဆုံးပြီး ဒုကျောင်းအုပ်ကြီး အပါအဝင် စစ်သား၅၀ ကျော်ဒဏ်ရာရရှိ၊ ဒုကျောင်း အုပ်ကြီးနေအိမ်၊ သင်တန်းသား အိပ်ဆောင် ၂ ခု မီးလောင်မှုအပါအဝင်အများအပြား ထိခိုက်ပျက်စီး

သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၂၃ ဦး ထက်မနည်းသေဆုံးပြီး ဒုကျောင်းအုပ်ကြီး အပါအဝင် စစ်သား၅၀ ကျော်ဒဏ်ရာရရှိ၊ ဒုကျောင်း အုပ်ကြီးနေအိမ်၊ သင်တန်းသား အိပ်ဆောင် ၂ ခု မီးလောင်မှုအပါအဝင်အများအပြား ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်သင်တန်းကျောင်း ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ဦး ထက်မနည်းသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ ဒုကျောင်းအုပ်ကြီးနေအိမ်၊ သင်တန်းသား အိပ်ဆောင် ၂ ခု မီးလောင်မှုအပါ အဝင်အများအပြား ထိခိုက်ပျက်စီး Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်က သံတောင်ကြီးမြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက် ရေး ကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၉ လုံးလုံး ယင်းတိုက်ခိုက်ရေး ကျောင်းဆောင်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စစ်သား ၂၀ ဦး ထက် မနည်း ပွဲချင်း ပြီး သေဆုံးကာ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် သင်တန်းကျောင်းရှိ လက်နက်ကြီး အထိုင်နေရာ ၂ ခု ထိမှန် ပျက်စီးခဲ့ပြီး စာသင်ဆောင် အတွင်းသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ဆောင် ၊ သင်ကြားရေး ပစ္စည်းများ နှင့် ပရိဘောဂများပျက်စီးမှုရှိခဲ့သည့်အပြင် ကား ၃ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း အလားတူ ဒုကျောင်း အုပ်ကြီး၏ နေအိမ်၊ သင်တန်း အိပ်ဆောင် နှစ်ခု မီးလောင်ခဲ့ကြောင်း၊ သိရသည်။

အလားတူ ဘုရင့်နောင်သင်တန်းကျောင်း၏ ဒုကျောင်းအုပ်ကြီး ပြင်းထန်ဒဏ်ရာရရရှိပြီး ၎င်းနေ အိမ်ရှိ စစ်သား ၃ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“အခုရရှိတဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကလည်း ကျနော်တို့ ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့ ပစ်မှတ်တွေ ချည်း ဖြစ်နေတာကြောင့် ဒါကိုယုံကြည်စွာနဲ့ထုတ်ပြန်ပေးရခြင်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ တော်လှန် ရေးမှာ တတ်နိုင်သမျှ အစွမ်းကုန် ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူတွေလည်း တော်လှန်ရေး မှာ ဆက်ဝန်းရံပေးနေကြဖို့တိုက်တွန်းချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့နှင့် KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်းကာ BWM mission 44 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင် တပ်မတော်ကြည်း တိုက်ခိုက်ရေး ကျောင်းသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ အာဏာသိမ်းစစ်အုပ်စု၏ အဓိကသ်ရှိဒေါက်တိုင်များဖြစ်သော စစ်ခွေးတပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်း များကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဩဂုတ် လ ၂၅ ရက်တွင် ပြန်လည်စတင်သောသင်တန်းတွင် စခ အရာရှိ ၄၀၀ ဦး ကျော် သင်တန်းတက်ရောက်သည်ကို အအတိအကျရထားသည့်အတွက် သင် တန်း ချိန်တွင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ၏ ဩဇာကိုခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်နေသော စခသန္ဓေစစ် အရာရှိများအား ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး စကစနောက်လိုက်တို့ သည်လည်း အချိန်မရွေး အတိုက်အခိုက်ခံရ၊ နေရာမရွေး အသက်ဆုံးရှုး နိုင်သည်ဟူသော စိတ်မလုံခြုံသည့် ခံစား ချက်ကို ခံစားစေရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ်သား ၂ ဦးထက်နည်း သေဆုံး

ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ်သား ၂ ဦးထက်နည်း သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေါနတပ်ခွဲ ၆ - ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ...