သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုရှိ

သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်သင်တန်းကျောင်း ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်က သံတောင်ကြီးမြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၉ လုံးလုံး ယင်းတိုက်ခိုက်ရေး ကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“အတော်များများ ထိတယ်တော့ သတင်းကြားနေရပြီ။ အတိအကျ သိရတာနဲ့ ထုတ်ပြန်ပေးပါ့မယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့နှင့် KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်းကာ BWM mission 44 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင် တပ်မတော်ကြည်း တိုက်ခိုက်ရေး ကျောင်းသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ အာဏာသိမ်းစစ်အုပ်စု၏ အဓိကသ်ရှိဒေါက်တိုင်များဖြစ်သော စစ်ခွေးတပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်း များကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဩဂုတ် လ ၂၅ ရက်တွင် ပြန်လည်စတင်သောသင်တန်းတွင် စခ အရာရှိ ၄၀၀ ဦး ကျော် သင်တန်းတက်ရောက်သည်ကို အအတိအကျရထားသည့်အတွက် သင် တန်း ချိန်တွင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ၏ ဩဇာကိုခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်နေသော စခသန္ဓေစစ် အရာရှိများအား ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး စကစနောက်လိုက်တို့ သည်လည်း အချိန်မရွေး အတိုက်အခိုက်ခံရ၊ နေရာမရွေး အသက်ဆုံးရှုး နိုင်သည်ဟူသော စိတ်မလုံခြုံသည့် ခံစား ချက်ကို ခံစားစေရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွားထိုးကြီးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံး ပစ္စည်း များ သိမ်းဆည်းရရှိ

နွားထိုးကြီးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံး ပစ္စည်း များ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး သေနတ် ၃ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ စတားလင့် ၁ လုံး အပါအဝင် ခဲယမ်းနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိကြောင်း နွားထိုးကြီးမြို့နယ်...